စဉ့်ကိုင်၊ ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း မန္တလေးလျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်းမှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများ လျှပ်စစ်ဓါတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ပလိပ်ကျေးရွာအုပ်စု၊ ကားဆိပ်ရပ်နှင့် ဝန်ထမ်းကွက်သစ်ရပ် တည်ဆောက်ခဲ့သည့် ၁၁/၀.၄ ကေဗွီနှင့်၂၀၀ ကေဗွီအေ ထရန်စဖော်မာနှစ်လုံးအား ဇွန် ၂၁ ရက်နေ့ နံနက် ၁၀နာရီ ၂၅ မိနစ်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ တာဝန်ရှိသူများက Main Breaker နှင့် Sub Breaker များနှိပ်၍ လျှပ်စစ်ဓါတ်အား ပို့လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပလိပ်ကျေးရွာအုပ်စု၊ ကားဆိပ်ရပ်နှင့် ဝန်ထမ်းကွက်သစ်ရပ် တည်ဆောက်ခဲ့သည့် ၁၁/၀.၄ ကေဗွီအေနှင့်၂၀၀ ကေဗွီအေ ထရန်စဖော်မာနှစ်လုံး တည်ဆောက်ပေးခြင်းဖြင့် ဓါတ်အားသုံးစွဲသူ ပြည်သူများသို့ ဗို့အားပြည်ဝစွာ ဓါတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မီးခလုတ်နှိပ်၍ လျှပ်စစ်ဓါတ်အား ပို့လွှတ်ပေးခြင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)
#MNP #News

No comments:
Post a Comment