ဇွန် - ၁၇ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ပဋိပက္ခများကို အဆုံးသတ်ရန် သဘောတူညီချက် ရရှိခဲ့တယ်ဆိုတဲ့ သတင်းများကြောင့် ဟော်မုဇ်ရေလက်ကြာကို ဖြတ်သန်းမယ့် စွမ်းအင်သယ်ယူပို့ဆောင်ရေးအပေါ် စိုးရိမ်ပူပန်မှုများ လျော့ပါးသွားပြီး၊ အီရန်ရဲ့ ရေနံတင်ပို့မှုများ ပြန်လည်စတင်နိုင်ခြေရှိတယ်ဆိုတဲ့ မျှော်လင့်ချက်များ မြင့်တက်လာခဲ့တဲ့အတွက်ကြောင့် အင်္ဂါနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးဆိုင်ရာ စိုးရိမ်ရမှုများ လျော့ကျသွားခြင်းကို ကုန်သည်များက ဈေးကွက်အတွင်း အလျင်အမြန် ထည့်သွင်းတွက်ချက်လာကြရာ— အမေရိကန်ရဲ့ စံနှုန်းသတ်မှတ်ချက်ဖြစ်တဲ့ အနောက်တက္ကက်ဆက် (WTI) ရေနံစိမ်းဈေးနှုန်းက ၆ ရာခိုင်နှုန်းနီးပါးအထိ ထိုးဆင်းသွားပြီး သုံးလတာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သလို၊ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ဘရန့် ကလည်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၉ ဒေါ်လာအောက်သို့ ကျဆင်းသွားခဲ့ပါတယ်။
နယူးယောက် ကုန်စည်ဒိုင်တွင် ဇူလိုင်လအတွင်း ပေးပို့ရမည့် WTI ရေနံစိမ်းဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၄.၇၀ (သို့မဟုတ် ၅.၈၂ ရာခိုင်နှုန်း) ကျဆင်းသွားပြီး တစ်စည်လျှင် ၇၆.၀၅ ဒေါ်လာဖြင့် ဈေးပိတ်သွားခဲ့ပါတယ်။
ဩဂုတ်လအတွင်း ပေးပို့ရမည့် ဘရန့်ရေနံစိမ်းဈေးနှုန်းသည်လည်း အမေရိကန်ဒေါ်လာ ၄.၂၁ (သို့မဟုတ် ၅.၀၆ ရာခိုင်နှုန်း) ကျဆင်းသွားကာ တစ်စည်လျှင် ၇၈.၉၆ ဒေါ်လာဖြင့် ဈေးငြိမ်သွားခဲ့ပါတယ်။
ယခုကဲ့သို့ ဈေးနှုန်းကျဆင်းသွားမှုကြောင့် WTI ရေနံစိမ်းဈေးနှုန်းသည် မတ်လ ၄ ရက်နေ့ နောက်ပိုင်း ၎င်း၏ အနိမ့်ဆုံးဈေး အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး၊ ဘရန့် ရေနံစိမ်းဈေးနှုန်းသည်လည်း မတ်လ ၂ ရက်နေ့နောက်ပိုင်း ၎င်း၏ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပါတယ်။
REF: The Nation
#MNP #News

No comments:
Post a Comment