ယူကေ ရဲ့ ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာ မသုံးရ ဆိုတဲ့ ဥပဒေကို အီလွန်မက်စ် ဝေဖန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကေ ရဲ့ ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာ မသုံးရ ဆိုတဲ့ ဥပဒေကို အီလွန်မက်စ် ဝေဖန်


ဇွန် - ၁၆ ( အင်္ဂါနေ့ ) 

အသက် ၁၆ နှစ်အောက် ကလေးငယ်များကို လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်တော့မယ်ဆိုတဲ့ ဗြိတိန်နိုင်ငံရဲ့ လုပ်ဆောင်ချက်က အင်တာနက်အသုံးပြုသူအားလုံးကို ဒစ်ဂျစ်တယ်စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရန် ကြံစည်ထားတဲ့ ပရိယာယ်တစ်ခုသာဖြစ်ကြောင်း အိတ်စ် (ယခင်တွစ်တာ) လူမှုကွန်ရက်ပိုင်ရှင် အီလွန်မတ်စ်  က ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ဗြိတိန်အစိုးရသည် “ရဲနိုင်ငံတော်” တစ်ခုကို တည်ဆောက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ က တနင်္လာနေ့တွင် အဆိုပါ ပိတ်ပင်မှုကို ကြေညာခဲ့ပြီး ယင်းလုပ်ဆောင်ချက်က “ကျွန်ုပ်တို့ရဲ့ ကလေးငယ်များရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပျော်ရွှင်မှုကို” ကာကွယ်ပေးလိမ့်မယ်လို့  ကတိပြုပြောကြားခဲ့ပါတယ်။ 

စတာမရဲ့ရုံးခန်းမှ ထုတ်ပြန်ချက်အရ အသက် ၁၆ နှစ်အောက် ကလေးငယ်များကို  အိတ်စ်၊ အင်စတာဂရမ်၊ တစ်တော့  နဲ့ ဖေ့စ်ဘုတ် လို  “အသုံးပြုသူအချင်းချင်း ချိတ်ဆက်တဲ့”ပလက်ဖောင်းများ အသုံးပြုခွင့်ကို ပိတ်ပင်သွားမှာဖြစ်ပါတယ်။ ၎င်းတို့အား တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်ခြင်း၊ ဂိမ်းဆော့တဲ့ အက်ပ်များမှ တစ်ဆင့် သူစိမ်းများအား မက်ဆေ့ခ်ျပေးပို့ခြင်းနဲ့ အေအိုင် “ချစ်သူအဖော်ပြု”ချက်ဘော့တ်များကို အသုံးပြုခြင်းတို့ကိုလည်း  တားမြစ်ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် လူငယ်များ ညဘက် အင်တာနက်အသုံးပြုခွင့် ကန့်သတ်ချက် အောက်တွင် ရှိနေမှာဖြစ်ပါတယ်။ 

အသက် ၁၆ နှစ်အောက် ကလေးငယ်များကို ပိတ်ပင်တားမြစ်နိုင်ရန်အတွက် အစိုးရအနေဖြင့် လူကြီးများ လူမှုကွန်ရက်ပလက်ဖောင်းများကို မသုံးစွဲမီ ၎င်းတို့ရဲ့အသက်အရွယ်ကို အတည်ပြုနိုင်ရေးကို သေချာစွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 

စတာမာ၏ ရုံးခန်းက ယင်းလုပ်ငန်းစဉ်ကို မည်သို့ လက်တွေ့အကောင်အထည်ဖော်မည်ဆိုတာကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိဘဲ၊ ၎င်းအစား အစိုးရအနေဖြင့် “ထိရောက်သော အသက်အရွယ် အတည်ပြုခြင်း ပုံစံများအတွက် မတူညီသော ရွေးချယ်စရာများကို” ရှာဖွေလေ့လာနေကြောင်းသာ ဖော်ပြခဲ့ပါတယ်။ 

 အသက်အရွယ်အတည်ပြုခြင်း လုပ်ငန်းစဉ်အတွက် “ဩစတြေးလျနိုင်ငံက ကျင့်သုံးတဲ့ လူမှုကွန်ရက်ပိတ်ပင်မှု ပုံစံအတိုင်း အသုံးပြုသွားမှာဖြစ်ကြောင်း” စတာမာက ပြောကြားခဲ့ပါတယ်။ ထိုအစီအစဉ်အရ အသုံးပြုသူများသည် အစိုးရက ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြား တစ်ခုခုကို တင်ပြခြင်းဖြင့်ဖြစ်စေ၊ သို့မဟုတ် မျက်နှာသွင်ပြင်ဖြင့် အသက်စစ်ဆေးမှု ခံယူခြင်းဖြင့်ဖြစ်စေ ၎င်းတို့သည် အသက် ၁၆ နှစ်ကျော်ပြီးဖြစ်ကြောင်း သက်သေပြရမည်ဖြစ်ပြီး၊ ယင်းအတည်ပြုခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်ရန်မှာ လူမှုကွန်ရက်ပလက်ဖောင်းများရဲ့ တာဝန်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)