အမေရိကန် - အီရန် ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ဝင်ပါခဲ့တဲ့ တရုတ်နဲ့ ရုရှားကို ထရမ့်က ချီးကျူး - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန် - အီရန် ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ဝင်ပါခဲ့တဲ့ တရုတ်နဲ့ ရုရှားကို ထရမ့်က ချီးကျူး


ဇွန် - ၁၆ ( အင်္ဂါနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့နေရာမှာ ပါဝင်ခဲ့ကြတဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ရဲ့ အခန်းကဏ္ဍများကို ချီးကျူးပြောကြားခဲ့ပါတယ်။ ရုရှား အနေဖြင့် ကြားဝင်စေ့စပ်ပေးမယ့် ဝန်ဆောင်မှုများကို ထပ်ခါတလဲလဲ ကမ်းလှမ်းခဲ့ပြီး ပဋိပက္ခတွင် ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေ အားလုံးကို တင်းမာမှုများ လျှော့ချကြရန် တိုက်တွန်းခဲ့ပါတယ်။ 

အမေရိကန် နဲ့ အီရန်တို့အကြား ပဋိပက္ခကို အဆုံးသတ်ရန် ပါကစ္စတန်နှင့် ကာတာတို့က ကြားဝင်စေ့စပ်ပေးတဲ့ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း ကြေညာပြီး နာရီပိုင်းအကြာ၊ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ နယူးယောက်ခ်တိုင်းမ် သတင်းဌာန နဲ့  အင်တာဗျူးတစ်ခုတွင် ထရမ့်က အဲ့ဒါကို ထည့်သွင်းပြောကြားခဲ့တာပါ။ 

မီဒီယာအသီးသီး၏ ဖော်ပြချက်များအရ အချက် ၁၄ ချက်ပါဝင်သော နားလည်မှုစာချွန်လွှာတွင် ဟော်မုဇ်ရေလက်ကြား  ကို အခွန်အခမရှိဘဲ ပြန်လည်ဖွင့်လှစ်ရန်၊ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုများကို လျှော့ချပေးရန်နဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုများကို ပြန်လည်လွှဲပြောင်းပေးရန် စတဲ့ ပြဋ္ဌာန်းချက်များ ပါဝင်ပြီး တရားဝင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို လာမယ့် သောကြာနေ့တွင် ဂျနီဗာမြို့၌ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

အီရန်အနေဖြင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခြင်း မလုပ်ဖို့ ၎င်းရဲ့ ကတိကဝတ်ကို ပြန်လည်အတည်ပြုမယ်လို့ မျှော်လင့်ရပြီး နောက်ဆုံးအဆင့် နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများကို ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်သွားမှာ ဖြစ်ပါတယ်။ 

ထရမ့်က ဆွေးနွေးပွဲများတွင် ပါဝင်ကူညီခဲ့ကြတဲ့ ပူတင်နှင့် ရှီတို့ကို ချီးကျူးပြောကြားခဲ့ပါတယ်။ သူက ရှီကို “လူကြီးလူကောင်းပီသသူတစ်ဦး” လို့ တင်စားခဲ့ပြီး ဝါရှင်တန်နှင့် ပေကျင်းတို့ကို ထိပ်တိုက်ပဋိပက္ခဖြစ်လုနီးပါး အခြေအနေသို့ ဆွဲခေါ်သွားနိုင်တဲ့ “အီရန်ကို အမေရိကန်က ပိတ်ဆို့ထားမှုကို ဖြိုခွဲရန်အတွက် တရုတ်နိုင်ငံ အနေဖြင့် ရေနံတင်သင်္ဘောတွေရဲ့ ဝဲယာတစ်ဖက်စီတွင် ရေတပ် ဖျက်သင်္ဘော အစင်း ၂၀ စီ တွဲဖက်၍ စေလွှတ်ခြင်းမျိုး မလုပ်ခဲ့ကြောင်း” ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

တရုတ်လိုပဲ ရုရှားကလည်း အမေရိကန်-အစ္စရေးနဲ့ အီရန်တို့အကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ အစောပိုင်းရက်များ ကတည်းက တင်းမာမှုများ လျှော့ချကြရန် စိုက်လိုက်မတ်မတ် တောင်းဆိုခဲ့ပြီး၊ ရုရှား က တိုက်ခိုက်မှုများကို “ရန်စမှုမရှိဘဲ လက်နက်ကိုင် ကျူးကျော်စော်ကားတဲ့ လုပ်ရပ်” လို့ ပြစ်တင်ရှုတ်ချခဲ့ပေမဲ့ စစ်ပွဲထဲကို လက်ရောက် မပါခဲ့ပါဘူး။

ကရင်မလင်နန်းတော်ရဲ့လက်ထောက်ဖြစ်သူ ယူရီ အူရှာကော့ဗ် ရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်း တွင် စစ်မက်ဖြစ်ပွားမှုများ စတင်ကတည်းက ပူတင်နှင့် ထရမ့်တို့က အနည်းဆုံး ဖုန်း သုံးကြိမ်တိုင်တိုင် ဆက်သွယ် စကားပြောဆိုခဲ့ကြကြောင်း သိရပါတယ် ။ ၎င်းတို့သည် မတ်လတွင် တစ်ကြိမ်၊ ဧပြီလနှောင်းပိုင်းတွင် တစ်ကြိမ်  ပူတင်က စစ်ပွဲအဆုံးသတ်ရန် ကူညီပေးဖို့ ကမ်းလှမ်းခဲ့ပါတယ် လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)