စင်ကာပူ၊ ဇွန် ၂၇
မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဒေါက်တာဇော်မင်းအောင် သည် စင်ကာပူနိုင်ငံ၊ Marriott Tang Plaza Hotel ၌ ၂၆-၆-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ် သော(၄၁) ကြိမ်မြောက် အာဆီယံ-ဂျပန်ဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် H.E. Mr. Albert Chua နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြီးတန်းဒုတိယဝန်ကြီး H.E. Mr. Hiroyuki Namazu တို့က ပူးတွဲဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့ကြပြီး အာဆီယံနိုင်ငံများမှ ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်များက အာဆီယံ-ဂျပန် ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပူးတွဲ မျှော်မှန်းချက်ကြေညာချက်ပါ အစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ အာဆီယံ၏ အဓိကမဏ္ဍိုင်(၃) ရပ်အောက်မှ “Peace and Stability” ၊ “Co-Creation of Economy and Society of the Future ” ၊ “Heart-to-Heart Partners across Generation” ခေါင်းစဉ်များဖြင့် အာဆီယံနှင့် ဂျပန်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်၍ ဂျပန်နိုင်ငံက (၂၈)ကြိမ်မြောက် ဂျပန်-အာဆီယံ ထိပ်သီးအစည်း အဝေးတွင် ထုတ်ပြန်မည့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ အပေါ် ပူးတွဲကြေညာချက် (မူကြမ်း)ကို အဆိုပြုခဲ့ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#MNP #News



No comments:
Post a Comment