အစိုးရစက်မှုလက်မှုသိပွံ(ကျောက်ဆည်)၌ အသက်မွေးဝမ်းကျောင်းပညာကာလတို သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပွံ(ကျောက်ဆည်)၌ အသက်မွေးဝမ်းကျောင်းပညာကာလတို သင်တန်းဆင်းပွဲကျင်းပ




ကျောက်ဆည်၊ ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ဒေသတွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေး တို့အားရည်ရွယ်၍ဖွင့်လှစ်ခဲ့သည့် Basic Computer နှင့် Auto CAD ကာလတိုသင်တန်းဆင်းပွဲ ယနေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ယူတက်မြောက်ခဲ့သည့် နည်းပညာအသက်မွေး ဝမ်းကျောင်းပညာရပ်များကို အကျိုးရှိစွာအသုံးပြု၍ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားအောင် ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူက သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသင်ကြားနေမှု Video Clip အား ပြသခဲ့သည်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိုးစိုးထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းအလိုက် ထူးချွန်သူများအား ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး  အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)ကျောင်းအုပ်ကြီးက သင်တန်းနည်းပြများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားမောင်စိုးသီဟက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)