သူနာပြုသိပ္ပံ(ဘားအံ) ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာသင်တန်သား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

သူနာပြုသိပ္ပံ(ဘားအံ) ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာသင်တန်သား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း






ဘားအံ၊ ဇွန် ၂၃

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ(ဘားအံ)၏ ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲကို ဇွန် ၂၃ ရက် နံနက် ၇ နာရီခွဲက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းက သင်တန်းသား၊သင်တန်းသူများအနေဖြင့် ယခုကဲ့သို့ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်းခံရပြီးနောက် မိမိတို့၏အသက်မွေးဝမ်းကြောင်းအတတ်ပညာရပ်ဖြစ်သော  သူနာပြုပညာရပ်ကို မွန်မြတ်သောလုပ်ငန်းအဖြစ် အထူးအလေးထားကြိုးစားတတ်မြောက်အောင် သင်ယူသွားကြစေလို ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် သူနာပြုသိပ္ပံ(ဘားအံ)ကျောင်းအုပ်ဆရာမကြီးက ဂျူတီကုတ်ဝတ်ဆင်ခြင်း၊ ဦးဆောင်းအပ်နှင်းခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက သူနာပြုသင်တန်းသား(၁၀)ဦးနှင့် သင်တန်းသူ(၆၅)ဦး စုစုပေါင်းသင်တန်းသား/သင်တန်းသူ (၆၆)ဦးတို့အား ဂျူတီကုတ်နှင့်ဦးဆောင်များပေးအပ်ကာ သင်တန်းသား၊သင်တန်းသူများက သူနာပြုသစ္စာအဓိဌာန်ကိုရွတ်ဆိုကြသည်။

ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့က ပညာသင်နှစ်အလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် ထူးချွန်သင်တန်းသူ၊သင်တန်းသားများအား ပညာရည်ချွန်ဆုများပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား၊ သင်တန်းသူများက ကရုဏာအလင်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြကာ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်း သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)