ဟောမုဇ်ရေလက်ကြားကို အမေရိကန်ကပဲ ဖြတ်သန်းခွန်ကောက်မယ် လို့ ထရမ့်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟောမုဇ်ရေလက်ကြားကို အမေရိကန်ကပဲ ဖြတ်သန်းခွန်ကောက်မယ် လို့ ထရမ့်ပြော


ဇွန် - ၂၂ ( တနင်္လာနေ့ ) 

ဝါရှင်တန်နှင့် တီဟီရန်တို့အကြား သဘောတူညီထားတဲ့ ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း သို့မဟုတ် ၎င်းကာလပြီးနောက်တွင် ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းသွားလာမှုအတွက် အမေရိကန်ပြည်ထောင်စုကိုယ်တိုင်က အခွန်ကောက်ခံခြင်းမျိုးမှအပ မည်သည့် အခွန်အခ (တိုးဂိတ်ကြေး) မျှ ကောက်ခံမှာမဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ 

အဲ့ဒီမှတ်ချက် က အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် ယာယီသဘောတူညီချက်ကို ဒေသတွင်းလုံခြုံရေးနဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ် အပါအဝင် ပိုမိုကျယ်ပြန့်သော ဖြေရှင်းမှုတစ်ခု အဖြစ် ပြောင်းလဲနိုင်ရန် ရည်ရွယ်ပြီး ဆွစ်ဇာလန်နိုင်ငံမှာ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေစဉ် အတွင်း ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

ဒေါ်နယ်ထရမ့်ရဲ့ ထရုသ်ဆိုရှယ်မှာ တင်ထားတဲ့ ပို့စ် တိုက်ရိုက်ဘာသာပြန်ချက် "အပစ်အခတ်ရပ်စဲရေး ရက်ပေါင်း ၆၀ ကာလအတွင်း ဟော်မုဇ်ရေလက်ကြားမှာ ဘယ်လို အခွန်အခ (တိုးဂိတ်ကြေး) မျိုးမှ ရှိလာမှာ မဟုတ်သလို၊ ရက်ပေါင်း ၆၀ ကာလ ကုန်ဆုံးပြီးနောက်မှာလည်း (အကယ်၍ သဘောတူညီချက် မပြီးမြောက်ခဲ့ရင်) အမေရိကန်ပြည်ထောင်စုအတွက်နဲ့ အမေရိကန်ကိုယ်တိုင်က စည်းကြပ်ကောက်ခံတာမျိုးကလွဲလို့ ဘယ်လို အခွန်အခမှ ရှိလာမှာ မဟုတ်ပါဘူး" လို့ ထရမ့်က စနေနေ့တွင် ၎င်းရဲ့ ပို့စ်မှာ ရေးတင်ခဲ့ပါတယ်။ 

အမေရိကန်သမ္မတက ဆက်လက်ပြောကြားရာတွင် နောင်တွင် ကောက်ခံမယ့် မည်သည့်အခွန်အခမဆို ထိုဒေသတွင်းရှိ ရေကြောင်းသယ်ယူပို့ဆောင်ရေး အန္တရာယ်ကင်းရှင်းစေရန် အမေရိကန်က ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ အခန်းကဏ္ဍအတွက် အစားထိုးနစ်နာကြေး (သို့မဟုတ်) လုပ်အားခအဖြစ် သတ်မှတ်ခြင်းကသာ တရားမျှတမှုရှိလိမ့်မယ်လို့ ဆိုပါတယ်။ 

အဲဒိ ထုတ်ပြန်ချက်က လက်ရှိဆွေးနွေးပွဲကာလ ကုန်ဆုံးသွားပြီးနောက်တွင် ဖြတ်သန်းသွားလာခ၊ အာမခံကြေး၊ ရေကြောင်းလမ်းပြခ သို့မဟုတ် အခြားသော ရေကြောင်းဝန်ဆောင်မှုများအတွက် သင်္ဘောများထံမှ အခွန်အခကောက်ခံရန် တီဟီရန် (အီရန်) ဘက်က အဆိုပြုထားတာကို  ပယ်ချလိုက်ပုံရပါတယ်။ ယခုပဋိပက္ခ အစောပိုင်းကာလ တုန်းကမူ စစ်ပွဲကာလ ရေကြောင်းထိန်းချုပ်မှု လုပ်ထုံးလုပ်နည်းများအရ အချို့သော ကုန်တင်သင်္ဘောများက ငွေကြေးပေးဆောင်ခဲ့ရပြီးဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)