မြန်မာ့ငလျင်က ထိုင်းမှာပါ တုန်သွားတယ်လို့ သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့ငလျင်က ထိုင်းမှာပါ တုန်သွားတယ်လို့ သိရ


ဇွန် - ၁၆ (MNP News)

တနင်္လာနေ့ နံနက်အစောပိုင်းက မြန်မာနိုင်ငံအတွင်း၌ ပမာဏ ၄.၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသအချို့တွင်ပါ တုန်ခါမှုများကို ခံစားခဲ့ရကြောင်း ထိုင်းမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနရဲ့ မြေငလျင်စောင့်ကြည့်ရေးဌာနခွဲက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါ ငလျင်သည် ဇွန်လ ၁၅ ရက် နံနက် ၃ နာရီ ၇ မိနစ်အချိန်တွင် အနက် ၅ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ငလျင်ဗဟိုချက်မှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပြီး၊ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ပြည်နယ်၊ ပန်မာဖာခရိုင် ရဲ့ အနောက်မြောက်ဘက် ၆၂ ကီလိုမီတာခန့်အကွာတွင် တည်ရှိပါတယ်။ 

ထိုင်းနိုင်ငံအတွင်း ငလျင်တုန်ခါမှု ခံစားရသည့် သတင်းပေးပို့ချက်များကို မယ်ဟောင်ဆောင်ပြည်နယ်ရှိ နေရာအချို့မှ ရရှိခဲ့ပြီး၊ ယင်းတို့တွင် ပိုင်ခရိုင်ရှိ ဝီယန်နျူအာတိုက်နယ်၊ မောင်ခရိုင်ရှိ ချောင်ခမ်းတိုက်နယ်နှင့် ပန်မာဖာခရိုင်ရှိ ဆော့ပွန် တိုက်နယ်တို့ ပါဝင်ကြောင်း သိရပါတယ်။ 

ချင်းမိုင် ပြည်နယ်အတွင်း၌လည်း ငလျင်တုန်ခါမှုများ ခံစားခဲ့ရကြောင်း သတင်းပေးပို့ချက်များ ရှိခဲ့ပြီး၊ ယင်းတို့တွင် မောင် ခရိုင်ရှိ နောင်ပါခရန်း နဲ့   သုထပ်တိုက်နယ်များ၊ မယ်ရင်ခရိုင်ရှိ မယ်ရန် တိုက်နယ်နှင့် ဂလျာနီဝပ်ဓနာခရိုင်ရှိ ဘန်ချန်းတိုက်နယ်တို့ ပါဝင်ပါတယ်။ 


REF: TheNation

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)