အမေရိကန်ကွာရင်တိုင်းစင်တာကို အလိုမရှိဘူးလို့ ကင်ညာတရားရုံး ဆုံးဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်ကွာရင်တိုင်းစင်တာကို အလိုမရှိဘူးလို့ ကင်ညာတရားရုံး ဆုံးဖြတ်


ဇွန် - ၁ ( တနင်္လာနေ့ ) 

ကင်ညာနိုင်ငံရဲ့ ဗဟိုတရားရုံး က အမေရိကန်ရဲ့ ထောက်ပံ့မှုဖြင့် အီဘိုလာဗိုင်းရပ်စ် နဲ့ ထိတွေ့နိုင်ခြေရှိတဲ့ အမေရိကန်နိုင်ငံသားများအတွက် ရည်ရွယ်ထားတဲ့ ကွာရင်တိုင်းစင်တာတစ်ခုကို လိုင်ကီပီယား လေတပ်စခန်း တွင် တည်ဆောက်ရန် စီစဉ်ထားတဲ့ အစီအစဉ်ကို တားမြစ်လိုက်ပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ တရားရုံးအမိန့်သည် အမေရိကန်က အစီအစဉ်အသစ်တစ်ခုကို ကြေညာပြီး မကြာမီတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ အဲ့ဒိအစီအစဉ်က အီဘိုလာဗိုင်းရက်စ် ကူးစက်ရောဂါသည်  ဒီအာကွန်ဂို နိုင်ငံတွင် ဆက်လက်ပြန့်ပွားနေတဲ့အချိန်မှာ ရေးဆွဲခဲ့တာပါ။ အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးဌာန အဆိုအရ ကင်ညာနိုင်ငံရဲ့ အီဘိုလာကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ပံ့ပိုးရန် အမေရိကန်ဒေါ်လာ ၁၃.၅ သန်း ထောက်ပံ့သုံးစွဲမယ်လို့ ဆိုခဲ့ပါတယ်။ 

ကင်ညာနိုင်ငံက ကာတီဘာအင်စတီကျူ့ က တရားရုံးကို တင်သွင်းခဲ့တဲ့ လျှောက်လွှာတွင် အဆိုပါစီမံကိန်းသည် အီဘိုလာကူးစက်မှု မရှိသေးသော နိုင်ငံတစ်ခုတွင် ပြည်သူ့ကျန်းမာရေးအန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်း အကြံပြုထားပါတယ်။  တရားရုံး၏ ဆုံးဖြတ်ချက်အရ တရားလိုဘက်က ယာယီအမိန့်များ မထုတ်ပေးပါက “အသက်အန္တရာယ် နီးကပ်နေသော ခြိမ်းခြောက်မှု” (imminent threat to life) ဖြစ်နိုင်ကြောင်း စွပ်စွဲတင်ပြခဲ့သဖြင့် တရားရုံးသည် အမှုကို အရေးပေါ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

အဆိုပါ တရားရုံးဆုံးဖြတ်ချက်အရ ကင်ညာအာဏာပိုင်များအနေနဲ့ အမေရိကန် သို့မဟုတ် အခြားနိုင်ငံခြား အစိုးရတစ်ခုခုနဲ့ သဘောတူညီချက်အရ “အီဘိုလာထိတွေ့မှု စစ်ဆေးရေး၊ ကွာရင်တိုင်း ထားရှိရေး၊ သီးခြားခွဲထားရေး သို့မဟုတ် ကုသရေးဆိုင်ရာ စင်တာများကို တည်ထောင်ခြင်း၊ လုပ်ငန်းလည်ပတ်စေခြင်း၊ အကူအညီပေးခြင်း၊ အတည်ပြုခြင်း သို့မဟုတ် ခွင့်ပြုခြင်း” မပြုလုပ်ရန် တားမြစ်လိုက်တာပဲ ဖြစ်ပါတယ်။ 

တစ်ဖက်တွင်လည်း အမေရိကန်က အီဘိုလာရောဂါ ပြန့်ပွားနိုင်ခြေကို လျှော့ချရန် အခြားအစီအမံများလည်း ချမှတ်ထားပါတယ်။ မကြာသေးမီက ဒီအာကွန်ဂို၊ ယူဂန်ဒါ နဲ့ တောင်ဆူဒန်နိုင်ငံတွေကို  သွားရောက်ခဲ့တဲ့ နိုင်ငံခြားသားများကို အမေရိကန်နိုင်ငံထဲကို အရေးပေါ်ဝင်ခွင့် ကန့်သတ်ချက်များ ချမှတ်ထားပါတယ်။ ထိုနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသော အမေရိကန် နိုင်ငံသားများကိုမူ ဝါရှင်တန် ဒူလက်စ် အပြည်ပြည်ဆိုင်ရာ လေဆိပ် မှသာ ဝင်ရောက်ခွင့်ပြုရန် ကန့်သတ်ထားပါတယ်။ 


Ref - RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)