ကြံခင်းမြို့ပေါ်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်နေမှုနှင့် ပျော်ရွှင်စွာတက်ရောက်သင်ကြားနေမှုတို့အား တာဝန်ရှိသူများက ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့ပေါ်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်နေမှုနှင့် ပျော်ရွှင်စွာတက်ရောက်သင်ကြားနေမှုတို့အား တာဝန်ရှိသူများက ကြည့်ရှုအားပေး









ကြံခင်း၊ ဇွန်  ၁

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းမှစ၍ဖွင့်လှစ် သင်ကြားလျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ အ.ထ.က(၁)နှင့် အ.ထ.က(၂) ကျောင်းများသို့ ကျောင်းများစတင် ဖွင့်လှစ်နေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာသင်ကြားနေမှုများအား  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ကြသည်။

အ.ထ.က(၁)နှင့် အ.ထ.က(၂)များသို့ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် ကျောင်းတက်ရောက်ရန်လာရောက်နေမှုနှင့်  စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများ၊ ကျန်ရှိနေသော ကျောင်းသားများအား ကျောင်းအပ်လက်ခံပေးနေမှုနှင့် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ပေးအပ်သော ကျောင်းသုံးစာရေးကရိယာများ ပေးအပ်နေမှုများကို   မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်) ဆရာကြီး ဦးမောင်မောင်အေး တို့က လှည့်လည်ကြည့်ရှုအားပေးကြကာ ကျောင်းအုပ်ကြီးများနှင့် တွေဆုံ၍ လိုအပ်သည်များအား ဆွေးနွေးပြောကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ကြံခင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၂)ကျောင်းရှိရာ(အ.ထ.က) ကျောင်း(၇) ကျောင်း၊(အ.ထ.က- ခွဲ) ကျောင်း(၄)ကျောင်း၊ (အ.လ.က)ကျောင်း(၆) ကျောင်း၊ (အ.လ.က-ခွဲ) ကျောင်း (၃) ကျောင်း၊ (မူ/လွန်၊ အ.မ.က)ကျောင်း(၃)ကျောင်း၊ (အ.မ.က)ကျောင်း (၉၈)ကျောင်း၊ မူ/ခွဲ အ.မ.က)ကျောင်း(၁)ကျောင်းရှိပြီး၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းနှင့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်းတို့တွင် ကျောင်းသား/သူ စုစုပေါင်းကျောင်းအပ်နှံသူ ၁၃၇၂၃ ဦး ရာခိုင်နှုန်းအားဖြင့် ၉၁.၉၀ ရာနှုန်း၊ အေးချမ်းပျော်ရွှင်စွာ ရာနှုန်းပြည့်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဖြိုးဝေလင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)