ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေခဲ့တဲ့ အတွက် ဆိုရှယ်မီဒီယာတွေ လျော်ကြေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေခဲ့တဲ့ အတွက် ဆိုရှယ်မီဒီယာတွေ လျော်ကြေးပေး


ဇွန် - ၁ ( တနင်္လာနေ့ ) 

ဖေ့စ်ဘုတ်၊ စနပ်ချက်၊ ယူကျူ့၊ တစ်တော့ တို့လို ဆိုရှယ်မီဒီယာတွေ ရဲ့ မိခင်ကုမ္ပဏီများက ကျောင်းသားများရဲ့ စိတ်ကျန်းမာရေးပြဿနာများကို ပိုမိုဆိုးရွားစေခဲ့တယ်ဆိုတဲ့ စွပ်စွဲထားသော တရားစွဲဆိုမှုတစ်ခုကို အပြီးသတ်ဖြေရှင်းဖို့ ဒေါ်လာသန်းပေါင်းများစွာ ပေးချေရန် သဘောတူညီခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

အဆိုပါတရားစွဲဆိုမှုကို အမေရိကန်နိုင်ငံ ကန်တက်စကီပြည်နယ်ရှိ ကျောင်းတစ်ခုက တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ယင်းကဲ့သို့သော အမှုများစွာသည် အမေရိကန်တရားရုံးများတွင် ဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအမှုကို အလားတူအမှုများရဲ့ အနာဂတ်ရလဒ်ကို ခန့်မှန်းနိုင်မဲ့ အရေးကြီးတဲ့ စံပြအမှု တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားကြပါတယ်။ 

သဘောတူညီချက် စာရွက်စာတမ်းများတွင် အင်စတာဂရမ်၊ ဖေ့စ်ဘုတ်နဲ့ ဝှက်စ်အက်ပ် တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ မက်တာ ပလက်ဖောင်း က  အမေရိကန်ဒေါ်လာ ၉ သန်း ပေးချေမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အခြားဆိုရှယ်မီဒီယာတွေ ဖြစ်တဲ့ စနပ်ချက်ပ် ရဲ့ စနပ်အင်ကော်ပိုရိတ် နဲ့  တစ်တော့ ရဲ့ ဘိုက်ဒန့်စ်ကုမ္ပဏီ တို့ကလည်း  ဒေါ်လာ ၈ သန်းစီ ပေးချေရန် သဘောတူထားပြီး ယူကျူ့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ အယ်လ်ဖာဘက် အင်ကော်ပိုရိတ် ကလည်း ဒေါ်လာ ၂ သန်းကျော် ပေးချေရန် သဘောတူထားကြောင်း သိရပါတယ်။ 

အဆိုပါ တရားစွဲဆိုမှုကို ဘရီသစ်ကောင်တီခရိုင်ကျောင်း က ပြီးခဲ့တဲ့ ကြာသပတေးနေ့တွင် ကန်တက်စကီ ပြည်နယ်တရားရုံးကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ တရားလိုဘက်က နစ်နာကြေး အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် တောင်းဆိုခဲ့ပါတယ်။ ခရိုင်ကျောင်းဘက်က တင်ပြချက်အရ အဆိုပါ ကုမ္ပဏီများက လူငယ်အသုံးပြုသူများကို စွဲလမ်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ၎င်းတို့ရဲ့ လူမှုကွန်ရက်ပလက်ဖောင်းများကို ဒီဇိုင်းရေးဆွဲထားကြောင်း စွပ်စွဲထားပါတယ်။ 

ထိုသို့ စွဲလမ်းစေတဲ့ ဒီဇိုင်းများကြောင့် ကျောင်းသားများအကြား စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါနှင့် မိမိကိုယ်ကို ထိခိုက်နာကျင်စေခြင်းကဲ့သို့သော စိတ်ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာရန် သို့မဟုတ် ပိုမိုဆိုးရွားလာရန် အထောက်အကူဖြစ်စေခဲ့တယ်လို့လည်း တရားလိုဘက်က စွပ်စွဲထားပါတယ်။ 

အဆိုပါ သဘောတူညီချက်အရ တရားခံကုမ္ပဏီများက မိမိတို့ အမှားကျူးလွန်ခဲ့ကြောင်း ဝန်ခံရန် မလိုအပ်ပေ။ ကုမ္ပဏီများက လူမှုကွန်ရက်အသုံးပြုမှုသည် လူငယ်များအပေါ် သက်ရောက်နိုင်သည့် အကျိုးဆက်များနှင့် ပတ်သက်တဲ့ စိုးရိမ်မှုများကို ဖြေရှင်းရန် သင့်လျော်သော အစီအမံများ ဆောင်ရွက်နေကြောင်း ပြောကြားထားပါတယ်။ 

တစ်ဖက်တွင်လည်း အမေရိကန်နိုင်ငံတစ်ဝန်းရှိ ကျောင်းပေါင်း ၁,၂၀၀ ခန့်က လူမှုကွန်ရက်ကုမ္ပဏီများအပေါ် အလားတူ တရားစွဲဆိုမှုများ တင်သွင်းထားကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးများတွင်လည်း အလားတူအမှု ပေါင်း ၃,၃၀၀ ခန့် ဆက်လက်စစ်ဆေးရန် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ 


Ref - RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)