ရက်စက်ပါပေ့ ပြည်ဖျက်မိစ္ဆာတွေရယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရက်စက်ပါပေ့ ပြည်ဖျက်မိစ္ဆာတွေရယ်


အာဏာရမ္မက်ထပြီး မဲလိမ်မဲခိုးမှုကြီး ကျူးလွန်မိခဲ့ရာက အာဏာလက်မဲ့ဖြစ်ခဲ့ရတဲ့ ပြည်ဖျက်မိစ္ဆာတွေဟာ အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံဖွဲ့စည်းပြီး တိုင်းဖျက် ပြည်ဖျက် လုပ်ခဲ့ကြတယ်။ တိုင်းဖျက် ပြည်ဖျက် လုပ်တဲ့ နေရာမှာ အခြေခံလူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ပညာရေးကိုပါ ဖျက်ဆီးသွားကြတယ်။ ကိုဗစ်အခက်အခဲကြောင့် ကျောင်းများပိတ်ထားခဲ့ရာကနေ နစကအစိုးရက ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်အောင် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့တယ်။

ကျောင်းများပြန်လည်ဖွင့်လှစ်တော့မယ်ဆိုတဲ့ သတင်းထွက်လာတယ်ဆိုရင်ပဲ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက "ကျောင်းမတက်နဲ့ ကျောင်းထွက်" လို့ လှုံ့ဆော်ပြီး ကျောင်းတွေကို ဖောက်ခွဲဖျက်ဆီးတယ်။ မီးရှို့ဖျက်ဆီးတယ်။ ဆရာ ဆရာမတွေကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်တယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေထဲက မျိုးရန်နောင်သိန်း ဆိုတဲ့ နွားကြီးက ကျောင်းသားမိဘတွေကို ဘယ်လို ချိန်းခြောက်သလဲဆိုရင် "ခင်ဗျားတို့ သားသမီးတွေကို ကျောင်းသွားမထားနဲ့၊ ခြေပြတ် လက်ပြတ်ဖြစ်ကုန်ရင် တာဝန်မယူဘူး။ အသက်ပါ ဆုံးရှုံးနိုင်တယ်။ နောက် လေးငါးခြောက်လနေရင် နိုင်တော့မှာ၊ အဲဒီတော့မှ ကျောင်းထား" တဲ့။ အဲဒီ ခွေးနွား က အမေရိကန်ကို ရောက်သွားပြီ။ အမေရိကန်ကနေ အာချောင်ခြင်း ဖြစ်ပါတယ်။ အဲဒါကို နားယောင်ပြီး နီပိန်းတွေက သူတို့ရဲ့ သားသမီးတွေကို ကျောင်းမထားကြဘူး။ တစ်နှစ်လောက်အကြာမှာ အသိတရားရပြီး ကျောင်းပြန်ထားတဲ့ နီပိန်းတွေ ရှိတယ်။ ပညာရေးနဲ့ ဝေးကွာသွားကြသူတွေလည်း ရှိတယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့တွေက ပညာသင်ကြားရမယ့် ကျောင်းသားလူငယ်တွေကို အကြမ်းဖက်အဖွဲ့ထဲ အဓမ္မစွဲသွင်းပြီး အကြမ်းဖက်သမားများအဖြစ်နဲ့ အသုံးချတယ်။ 

အမေရိကန်မှာ ခိုလှုံနေတဲ့ ခွေးနွား မျိုးရန်နောင်သိန်း က သူ့သမီးကို အမေရိကန်မှာ ကျောင်းထားတယ်။ ဘွဲ့တောင် ယူပြီးသွားပြီ။ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ နီပိန်းတွေကတော့ ဆင်ခြင်တုံတရားနည်းတာပဲလား၊ ပြည်ပြေး ဝရမ်းပြေးတွေကို အယုံလွန်တာလားတော့ မပြောတတ်ပါဘူး။ ကိုယ့်သားသမီးတွေ နစ်နာစေမယ့် အလုပ်ကို ပြည်ပြေးဝရမ်းပြေးတွေက အာချောင်ပြီး ပြောတာကိုတောင် အဟုတ်ထင်တယ်ဆိုတဲ့ ပိန်းတဲ့ စကေးက သာမန်အဆင့်တော့ မဟုတ်ဘူး။ အဆင့်မြင့် နီပိန်းများလို့ ဆိုရမလားပဲ။

ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေက နည်းမျိုးစုံနဲ့ နှောက်ယှက်နေတဲ့ ကြားကပဲ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ်။ အဆိုးဆုံးအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နီပိန်း ပဒက် အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားရာ ဒေသတွေမှာတော့ ယနေ့တိုင်အောင် ကျောင်းတွေ ပြန်မဖွင့်နိုင်ပါဘူး။ အချို့သော စာသင်ကျောင်းတွေကို နီပိန်း ပဒက်တွေက သူတို့ရဲ့ အကြမ်းဖက်စခန်းများအဖြစ် အသုံးပြုထားကြတယ်။ ကျောင်းသုံးပရိဘောဂနဲ့ မှတ်တမ်းမှတ်ရာ စာရွက်စာတမ်းများ အားလုံး ဖျက်ဆီးခံလိုက်ရပါပြီ။

ယခု နိုင်ငံတော်အစိုးရက ပြည်ပြေး ဝရမ်းပြေးတွေရဲ့ စကားကို နားယောင်ပြီး ကျောင်းပြင်ပ ရောက်ခဲ့ရတဲ့ ကလေးငယ်တွေ အဆင်ပြေစေဖို့ ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် Placement Test ဝင် ရောက်ဖြေဆိုပြီး အသက်အရွယ်နဲ့ သင့်လျော်မယ့် အတန်းကို တက်ရောက်နိုင်ဖို့ စီစဉ်ပေးထားပါတယ်။ 

ပြောရရင်ဖြင့် နစကအစိုးရလက်ထက်မှာရော ယခု ရွေးကောက်ခံအစိုးရလက်ထက်မှာပါ ပြည်ပြေး ဝရမ်းပြေးတွေကြောင့် လမ်းလွဲကို ရောက်ခဲ့တဲ့ နီပိန်းတွေအတွက်ချည်းပဲ အခွင့်အရေးတွေ ဖန်တီးပေးခဲ့တာကို သတိပြုမိကြပါလိမ့်မယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ သွေးထိုးလှုံ့ဆော်မှုနောက်ကို လိုက်ပါသွားကြတဲ့ အကျင့်ပျက်ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်စေဖို့ လမ်းဖွင့်ပေးခဲ့တယ်။ အခု ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် ကျောင်းပြင်ပရောက်ခဲ့ရတဲ့ ကလေးငယ်တွေအတွက် အခွင့်အရေး ပြန်လည်ဖန်တီးပေးတယ်။ 

ပြည်ပြေး ဝရမ်းပြေးတွေကတော့ အစိုးရက အခုလို စီမံဆောင်ရွက်ပေးနေတဲ့အပေါ်မှာကို ပြည်သူများ ထင်ယောင်ထင်မှားဖြစ်အောင် နည်းမျိုးစုံနဲ့ လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေပြီး ပြည်သူများ အထင်မှား အမြင်မှား ဖြစ်အောင် လုပ်လို့ အားမရနိုင်ကြသေးဘူး။ မျက်မှောက်ခေတ် ဆိုတဲ့ အကြမ်းဖက်လှုံ့ဆော်စာမျက်နှာမှာ တက်နေထွန်း ဆိုတဲ့ ဆောင်းပါးရှင် ဆိုသူက (အာဏာသိမ်းစစ်တပ်က ပညာရေးကို လမ်းဖွင့်ပေးတာ ထွက်ပေါက်လား (သို့) ထောင်ချောက်လား) ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ကြံလီဆည် ရေးသားဖြန့်ဝေထားတာကို တွေ့ရပါတယ်။

စာရေးဆရာဆိုတိုင်းလည်း သူတော်ကောင်းချည်းပဲလို့ မထင်ပါနဲ့။ သူယုတ်မာစာရေးဆရာတွေရဲ့ အမုန်းတရား ရေးသားဖြန့်ဝေမှု မှိုင်းမိပြီး ပြည်သူများရဲ့ ရင်ထင်မှာ အမုန်းတရားတွေ ကိန်းအောင်နေကြတယ် မဟုတ်လား။ အဲဒီလို စာရေးဆရာတွေဟာ လူထုကို အသိမှန် အမြင်မှန်ရအောင် လမ်းဖွင့်ပေးတဲ့ စာရေးဆရာတွေ မဟုတ်ဘူး။ ပြည်သူလူထုကို လမ်းမှားရောက်အောင် လုပ်ကြံဖန်တီး ရေးသားလှုံ့ဆော်နေတဲ့ ပြည်ဖျက်မိစ္ဆာတွေလို့ နားလည်ရမှာ ဖြစ်ပါတယ်။

မျက်မှောက်ခတ် အကြမ်းဖက်လှုံ့ဆော်စာမျက်နှာမှာ ရေးသားထားပုံက (အားလုံးသိထားကြတဲ့ အတိုင်း အာဏာသိမ်းစစ်တပ်က စမ်းသပ်စာမေးပွဲဖြေဆိုပြီး၊ အောင်ခဲ့ရင် အသက်အရွယ်လိုက် သက်ဆိုင်ရာ အတန်းကို တက်ခွင့်ပြုမယ်ဆိုတော့ တော်လှန်နယ်မြေက ကျောင်းသားမိဘတွေထဲက တတ်နိုင်သူအချို့ဟာ သူတို့သားသမီးတွေကို စစ်တပ် လက်အောက်ခံ မြို့ပေါ်ကျောင်းတွေကို သွားထားကြပါတယ်။ အာဏာသိမ်းစစ်တပ်က တိုင်းပြည်ကောင်းစားစေချင်ရင်၊ မျိုးဆက်သစ်လူငယ်တွေကို တကယ်ချစ်ခဲ့ရင် ဘယ်အာဏာသိမ်းမှာလဲ။ တိုင်းပြည်ဘာဖြစ်ဖြစ် သူတို့စစ်အုပ်စုကောင်းစားရေး၊ စည်းစိမ်ရာထူးတည်မြဲရေးအတွက် အာဏာသိမ်းခဲ့တာပါ။ ပြီးတော့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကျောင်းသား၊ ပြည်သူ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေပါ မချန် သတ်ဖြတ်ပြီး  ကျေးရွာတွေကို မီးရှို့ခဲ့ပြီးဖြစ်ပါတယ်။ စစ်တပ်က တော်လှန်နယ်မြေက စာသင်ကျောင်းတွေကို ဗုံးကြဲပြီး တော်လှန်နယ်မြေက ပညာရေးကို ဖျက်ဆီးခဲ့တယ်။)

အထက်ပါ ရေးသားဖော်ပြချက်ကို ချေပရရင် အာဏာသိမ်းစစ်တပ်လို့ ရိုးစွပ်တာက ပြည်ပြေး ဝရမ်းပြေးတွေပါ။ သူတို့ရဲ့ မဲလိမ်မဲခိုးမှုတွေကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းယူလိုက်တာကို အာဏာသိမ်းတယ်လို့ ပြည်သူများကြားမှာ လွဲမှားစွာ ဝါဒဖြန့်လှုံ့ဆော်ပြီး အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ခဲ့ကြတယ်။ အကြမ်းဖက်သမားများစိုးမိုးထားတဲ့ ဒေသများမှာ ကျောင်းသားမိဘများဟာ အကြမ်းဖက်သမားများရဲ့ ဖမ်းဆီးနှိပ်စက်ခြင်း ခံရတယ်။ တချို့မိဘတွေ ကျောင်းပြန်ထုတ်ပြီး ကလေးတွေကို ရွာပြန်ခေါ်ရသည်အထိ နီပိန်း အကြမ်းဖက်သမားတွေက ယုတ်မာရိုင်းစိုင်းခဲ့တာတွေကိုလည်း ချန်လှပ်ထားခဲ့လို့ မသင့်ပါဘူး။ စစ်တပ်က တိုင်းပြည်ကောင်းစားစေချင်လို့၊ မျိုးဆက်သစ်လူငယ်တွေရဲ့ လူစွမ်းအား အရင်းအမြစ်တွေ မဆုံးရှုံးစေဖို့၊ ယနေ့ မျက်မှောက် ကြုံတွေ့နေရတဲ့ ပညာမဲ့ နီပိန်းတွေလို ရက်စက်ယုတ်မာရိုင်းစိုင်းသော မျိုးဆက်သစ် လူငယ်များ မဖြစ်စေဖို့ အဖျက်အမှောင့် မျိုးစုံကြားက ဆရာ ဆရာမတွေ အသက်ကို အရင်းတည်ပြီး ပညာရေးအဆက်မပြတ်ရအောင် ကြိုးပမ်းပေးခဲ့တယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကျောင်းသား၊ ပြည်သူ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေပါ မချန် သတ်ဖြတ်ပြီး  ကျေးရွာတွေကို မီးရှို့ခဲ့တယ်ဆိုတာကတော့ ပြည်ဖျက်မိစ္ဆာတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေကို စစ်တပ်အပေါ် အပြစ်ပုံချလိုက်တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ နီပိန်းတွေရဲ့ လှုပ်ရှားမှုဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု မဟုတ်ပါဘူး။ လက်နက်ကိုင် အကြမ်းဖက်လှုပ်ရှားမှုပါ။ လက်နက်ကိုင် အကြမ်းဖက်လှုပ်ရှားမှုကို ဘယ်နိုင်ငံမှာမှ သည်းခံခွင့်လွှတ်ထားတာ မရှိပါဘူး။ ပြောရရင်ဖြင့် အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့တဲ့ တပ်မတော်အနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးမှာ အားနည်းချက်တွေ ရှိခဲ့တယ်။ အသားထဲက လောက်ထွက် အကြမ်းဖက်သမားများနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာလိုသူတွေကို နေရာပေးမိခြင်းက မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပေါ်ပေါက်လာရသလို အကြမ်းဖက်လှုပ်ရှားမှု အမြစ်တွယ်သည်အထိ ဖြစ်ခဲ့ရတာပါပဲ။

အကြမ်းဖက်လှုံ့ဆော် စာမျက်နှာရဲ့ ရေးသားဖော်ပြချက်မှာ (အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း စာသင်ကျောင်းပေါင်း နှစ်ရာ့ငါးဆယ်ကျော်ကို ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ NUG က ထုတ်ပြန်တဲ့ စစ်တမ်းတွေအပါအဝင် သုတေသနစစ်တမ်းတွေအရ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လက်ချက်နဲ့ ကလေးပေါင်း ၁၀၀၀ ကျော်သေဆုံးထားတယ်လို့ AAPP ကပြန်တဲ့ စာရင်းအရ သိရပါတယ်။ ၂၀၂၅ ခုနှစ် ကလေး ၂၁ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲမှုက အထင်ရှားဆုံးဖြစ်တယ်။ အခု ၂၀၂၆ ခုနှစ်မှာ သူတို့လက်အောက်ခံ စာသင်ကျောင်းတွေမှာ လာတက်ဖို့ ဖိတ်ခေါ်တယ်။ တနည်းအားဖြင့်တော့ ငါတို့လက်အောက်မှာ စာလာသင်၊ မသင်ရင်သေအောင်လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ ခြိမ်းချောက်တာပါပဲ။ ကလေးတွေကို ဒိလိုသတ်ဖြတ်ခဲ့တဲ့ သူတွေက ကလေးတွေအတွက် စေတနာရှိမယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူတို့အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲအတုပြုလိုက်ပြီးနောက်မှာ သူတို့အာဏာတည်မြဲရေးအတွက် ပညာရေးကို အသုံးချတာ သက်သက်ဆိုတာ နားလည်ဖို့ လိုပါတယ်။)

အထက်ပါ ရေးသားဖော်ပြချက်ကို ချေပရရင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရေးသားတယ်ဆိုကတည်းက အမှန်တရားနဲ့ ကင်းကွာနေပါပြီ။ စာသင်ကျောင်းတွေမှာ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အမည်ခံ နီပိန်း ပဒက်တွေက အကြမ်းဖက်စခန်းအဖြစ် အခြေပြုနေထိုင်တယ်။ အဲဒီ စာသင်ကျောင်းဟာ အကြမ်းဖက်စခန်းဖြစ်နေပြီ။ အကြမ်းဖက်သမားဖြစ်ရင် နှိမ်နင်းဆောင်ရွက်ရမှာက ကာကွယ်ရေးတာဝန်ယူထားတဲ့ တပ်မတော်ရဲ့ အလုပ်မဟုတ်ပါလား။ PDF အမည်ခံ နီပိန်း ပဒက်တွေက စာသင်ကျောင်းများကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုထားလို့ တပ်မတော်က ရှင်းလင်းဆောင်ရွက်ခဲ့တယ်လို့ ရေးရင် အမှန်တရားဖြစ်ပါလိမ့်မယ်။ AAPP ဆိုတဲ့ အဖွဲ့သည်လည်း ပြည်ပ အထောက်အပံ့ယူပြီး တိုင်းဖျက် ပြည်ဖျက် လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ AAPP အဖွဲ့ဝင်အများစုသည်လည်း ထိုင်းနိုင်ငံကို ပြေးသူပြေး၊ တတိယနိုင်ငံကို ရောက်သူရောက် ပြည်ပက အထောက်အပံ့ကို ခေါင်းပုံဖြတ်စားနေတဲ့ သူယုတ်မာများ စုဖွဲ့ထားတဲ့ အစုအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ အမှန်တရားနဲ့ ကင်းကွာလွန်းပါတယ်။ PDF အမည်ခံ နီပိန်း ပဒက်တွေ က ဆရာ ဆရာမ ပညာရေးဝန်ထမ်း (၁၁၀)ကျော် သတ်ဖြတ်ခဲ့တယ်။ သူတို့ရဲ့ လက်ချက်ကြောင့် စာသင်ကျောင်းပေါင်း (၁၀၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ရတာတော့ အမှန်တရား ဖြစ်ပါတယ်။ ယနေ့အချိန်အထိလည်း စစ်ကိုင်းတိုင်းထဲက တန့်ဆည်လို မြို့နယ်အတွင်းက ကျေးရွာများရှိ စာသင်ကျောင်းများမှာ နီပိန်း ပဒက်တွေ အခြေပြုနေထိုင်ပြီး စာသင်ကျောင်းကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုနေကြဆဲပါ။

မျက်မှောက်ခတ် အကြမ်းဖက်လှုံ့ဆော်စာမျက်နှာမှာ ရေးသားထားသမျှ စကားလုံးတိုင်းက အမှန်တရားနဲ့ ကင်းကွာပြီး အများပြည်သူ ကောင်းကျိုးအတွက် အစိုးရက စီမံပေးတဲ့ အစီအစဉ်ကိုပင် အများပြည်သူ အထင်အမြင်လွဲမှားအောင် လုပ်ကြံဖန်တီးရေးသားနိုင်စွမ်းကတော့ နည်းတဲ့ စကေးမဟုတ်ပါဘူး။

တပါတည်း အစိုးရကို အသိပေးချင်တာက ပြည်ဖျက်မိစ္ဆာတွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးတာက များလွန်းမက များနေတယ်။ အဲဒီ ပြည်ဖျက်မိစ္ဆာတွေက လုပ်ငန်းခွင် ပြန်ဝင်လာပြီးရင်လည်း လုပ်ငန်းခွင်အတွင်းမှာ ဟိုလူ့ပြဿနာရှာ၊ ဒီလူ့ပြဿနာရှာ လုပ်ကြတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှာ ကြီးလေးတဲ့ တာဝန်တွေကို ယူထားသူများသည်လည်း နီပိန်းတပိုင်း ဖြစ်နေသူတွေ များနေသလား။ ပြည်ဖျက်မိစ္ဆာတွေအတွက် အခွင့်အရေးတွေ တစ်ခုပြီး တစ်ခုဖန်တီးပေးဖို့ နိုင်ငံတော်အကြီးအကဲတွေကို ဂျင်းထည့်နေသလား။ စဉ်းစားစရာ ဖြစ်လာပါတယ်။

နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က မျိုးဆက်သစ်လူငယ်များအတွက် ပညာရေးအဆက်မပြတ်စေဖို့ ဆောင်ရွက်ပေးတဲ့ လုပ်ဆောင်ချက်တိုင်းကို အသိအမှတ်ပြုပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ စကားတွေကို နားယောင်ခဲ့ကြတဲ့ နီပိန်းတွေအနေနဲ့လည်း ယခုအချိန်အထိ အမုန်းတရားတွေ ဖြန့်ဝေလို့ အားမရနိုင်သေးတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီးရေးသားလှုံ့ဆော်မှုတွေနောက်ကို လိုက်ပါပြီး မမိုက်မှားကြဖို့ ထပ်ဆင့် (ထပ်ဆင့်) သတိပေးလိုခြင်းကြောင့် တုန့်ပြန်ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)