ဇွန် - ၁၃ ( စနေနေ့ )
တောင်ကိုရီးယား တရားရုံးတစ်ခုက သမ္မတဟောင်း ယွန်းဆော့ယော ကို ထောင်ဒဏ် ၃၀ နှစ် ချမှတ်လိုက် ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ သူက မြောက်ကိုရီးယားနဲ့ တင်းမာမှုများကို မြင့်တက်စေရန်နဲ့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာနဲ့ ပြဿနာတစ်ခု ဖန်တီးရန် ရည်ရွယ်ပြီး မြောက်ကိုရီးယား နိုင်ငံအတွင်းသို့ ဒရုန်းများ စေလွှတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ တရားသူကြီးများက ဆုံးဖြတ်ခဲ့ကြပါတယ်။
သမ္မတဟောင်းယွန်းက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး အမျိုးသားလွှတ်တော် အဆောက်အအုံအတွင်းသို့ ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်သားများကို စေလွှတ်ကာ လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ခြင်းမပြုရန် ကြိုးပမ်းခဲ့ပေမဲ့ နာရီပိုင်းအတွင်း ပါလီမန်က အဆိုပါအမိန့်ကို တရားဝင် ပယ်ဖျက်ခဲ့ပါတယ်။
တစ်ပတ်ကျော်အတွင်းမှာပဲ သူ့ကိုလွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် ရာထူးမှရပ်ဆိုင်းကာ ၁လအကြာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားဝင်ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။
ယွန်းအနေနဲ့ ၎င်း၏အာဏာကို အလွဲသုံးစားလုပ်ခြင်း၊ ဒရုန်းကြံစည်မှုအပါအဝင် အခြားစွဲချက်များဖြင့် “ရန်သူကိုအကျိုးရှိစေတယ်”လို့ ဆိုးလ်တရားရုံးတစ်ရုံးက ဆုံးဖြတ်ခဲ့ပြီး သူ့ကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တာပါ။ တရားရုံးက ၎င်းရဲ့စွမ်းရည်များကို ထုတ်ဖော်ပြီး ပြုံယမ်းအား ပိုမိုအားကောင်းတဲ့ ခံစစ်ပုံစံ ပြုလုပ်ရန် လှုံ့ဆော်ခြင်းဖြင့် တောင်ကိုရီးယားရဲ့ စစ်ရေးအကျိုးစီးပွားကို ထိခိုက်စေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ယွန်းရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်းကိုလည်း လုပ်ကြံမှုတွင် ပါဝင်မှုအတွက် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံခဲ့ရပြီး ကာကွယ်ရေး တန်ပြန်ထောက်လှမ်းရေးဌာန အကြီးအကဲဟောင်း ယောင်အင်ဟွန်း ကိုလည်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။ သောကြာနေ့က ချမှတ်ခဲ့တဲ့ စီရင်ချက်တွေက ယွန်း ရဲ့ ထပ်တိုး ပြစ်ဒဏ်တွေပဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလအတွင်းကလည်း သူကို သူပုန်ထမှုအား ကြိုးကိုင်ခြင်းနဲ့ အာဏာသိမ်းရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။ ဧပြီလအတွင်းကလည်း အာဏာအလွဲသုံးစားလုပ်မှုနဲ့ တာဝန်ဝတ္တရားနှောင့်ယှက်မှုအတွက် အယူခံတရားရုံးက ပြစ်ဒဏ်တိုးမြှင့်ခဲ့ပါတယ်။ ယွန်းရဲ့ကျဆုံးမှုက ယခင်တောင်ကိုရီးယားခေါင်းဆောင်ဟောင်းများရဲ့ တရားဝင် နှိပ်စက်ညှဉ်းပန်းမှုပုံစံဖြစ်တဲ့ ရှည်လျားသော ပုံစံတစ်ခုဖြစ်ပါတယ်။ ယွန်းအထက်က သမ္မတဟောင်း ၄ ဆက်ကလည်း အဲ့လိုမျိုး ရာထူးကဆင်းပေးရပြီး ထောင်ချခံခဲ့ရပါတယ်။ တော်တော်များများကတော့ နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ကြပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment