အမှိုက်များကို ရှင်းလင်းခြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အမှိုက်များကို ရှင်းလင်းခြင်း


ဒီရက်ပိုင်းအတွင်း ပြည်ဖျက်မီဒီယာတွေမှာ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar ရဲ့ ဦးဆောင်သူ မင်းဇင် ကို တရုတ်ကဖမ်းဆီးလိုက်တဲ့ဖြစ်စဉ်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း ၏ ဥက္ကဌဟောင်း စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကက်စတီလို (Adam Castillo) ကို မြန်မာနိုင်ငံက ဖမ်းဆီးလိုက်တဲ့ဖြစ်စဉ်များနဲ့ ပတ်သက်လို့ ရေးသားဖော်ပြနေကြတာကို တွေ့ရပါလိမ့်မယ်။

မင်းဇင်ကို တရုတ်နိုင်ငံက ဇွန်လ အစောပိုင်းကတည်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို အကြောင်းကြားထားတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ပြောကြားထားတာကို ကိုးကားပြီး ပြည်ဖျက်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

စာရေးသူအနေနဲ့ ဦးစွာ ပြောလိုတာကတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း ၏ ဥက္ကဌဟောင်း စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကက်စတီလို (Adam Castillo) ဆိုသူနဲ့ ပတ်သက်လို့တော့ သိကျွမ်းခြင်း မရှိပါဘူး။ ISP Myanmar ရဲ့ ဦးဆောင်သူ မင်းဇင် ရေးသားဖြန့်ဝေနေတာကို သိရတဲ့ မင်းဇင်ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်တွေဟာ မူမမှန်ဘူးဆိုတာကိုတော့ အတိအကျ ပြောနိုင်ပါတယ်။

မင်းဇင်ရဲ့ ဝေးသားဖြန့်ဝေမှုတွေဟာ မြန်မာ - တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို အဓိကထားပြီး အနောက်အုပ်စုကို ရီပို့လုပ်နေတဲ့ သဘောပါပဲ။ သူက ဧရာဝတီမြစ်ဆုံစီမံကိန်းတစ်ခုတည်းကိုသာ ပစ်မှတ်ထားခြင်းမျိုး မဟုတ်ပါဘူး။ မြန်မာ - တရုတ် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းမှန်သမျှကို စောင့်ကြည့်လေ့လာပြီး သူတို့ကို ငွေကြေးထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုအတွက် အလုပ် လုပ်ပေးနေတာကတော့ သေချာပါတယ်။  သူ့ရဲ့ ရေးသားဖော်ပြမှုတွေကို ဖတ်ရှုဖူးသူတိုင်း သိသာစေတဲ့အချက်ပါ။ ဒါကို အစိုးရတာဝန်ရှိသူတွေက အရေးယူဆောင်ရွက်ခြင်း မပြုဘူးဆိုတာကလည်း သူသည် မြန်မာနိုင်ငံသားမဟုတ်တော့ဘူး။ အမေရိကန်နိုင်ငံသားဖြစ်နေတာက တကြောင်း၊ ဒီတစ်ကောင်ကို အကြောင်းပြုပြီး နှစ်နိုင်ငံဆက်ဆံရေး မလိုလားအပ်တာတွေ ဖြစ်လာမှာကို ထောက်ဆပြီးတော့ အရေးယူခြင်း လုပ်တာလို့ ယူဆရပါတယ်။ ဒါကို တရုတ်အနေနဲ့ သူ့အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်လာတယ်။ အဖျက်အမှောင့်တွေဖြစ်အောင် လုပ်ဆောင်နေသူတစ်ယောက် သူ့နိုင်ငံအတွင်း ရောက်လာချိန်မှာ သူဘက်က အရေးယူဆောင်ရွက်ရမှာ ဖြစ်လို့ ဖမ်းဆီးစစ်ဆေးတယ်။ အရေးယူမှုအပိုင်းကတော့ ဘယ်လိုဆက်လက်ဆောင်ရွက်မလဲ မသိရသေးပါဘူး။ တရုတ်ပြည်ရဲ့ ဥပဒေအရ ဆိုရင်တော့ ပြင်းထန် ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်လေ့ ရှိပါတယ်။ 

မြန်မာနိုင်ငံသား ဘိန်းရာဇာတစ်ယောက် တရုတ်ဘက်က ဖမ်းဆီးရမိပြီး သေဒဏ်စီရင်ခဲ့တဲ့ သာဓကတွေလည်း ရှိပါတယ်။ မြန်မာပြည်ဘက်မှာ ဖမ်းမိတဲ့ တရုတ်မူးယစ်ကုန်သည်တွေကိုတော့ မြန်မာနိုင်ငံက ဖမ်းမိတဲ့အခါ သေဒဏ်ချမှတ်သည့်တိုင်အောင် မြန်မာပြည်မှာက အမှန်တကယ် သေဒဏ်စီရင်မှုက အင်မတန် နည်းပါးသွားပါပြီ။ အကျဉ်းထောင်များမှာ သေဒဏ်တိုက်ဆိုတာ ထားရှိပြီး သေဒဏ်ကျ အကျဉ်းသားတွေကို ကောင်းစွာ ကျွေးမွေးစောင့်ရှောက်ထားတာပဲ ဖြစ်ပါတယ်။ 

မင်းဇင်က တရုတ်အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေတဲ့ သူလျှိုတစ်ဦးဖြစ်ကြောင်း စိစစ်ပေါ်ပေါက်တယ်ဆိုရင်တော့ ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာ အသေအချာပါပဲ။

နောက်ထပ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း ၏ ဥက္ကဌဟောင်း စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကက်စတီလို (Adam Castillo) ကို မြန်မာနိုင်ငံက ဖမ်းဆီးလိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်ဖျက်မီဒီယာတွေရဲ့ ရေးသားဖော်ပြမှုပုံစံက ဘာအပြစ်မှ မရှိတဲ့သူကို ဖမ်းဆီးထိန်းသိမ်းထားသလိုလို ပုံဖော်ရေးသားနေကြပါတယ်။ ဒီလူဟာ နီပိန်းတွေ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေချိန်မှာ တပ်မတော်ကပဲ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်နေသယောင် ဖန်တီးရေးသား ဖြန့်ဝေမှုတွေ လုပ်ခဲ့တာမျိုး ရှိတယ်လို့ သိရပါတယ်။ နောက်တစ်ချက်တော့ လုပ်ငန်းရှင်များထံမှ ငွေကြေးတွေကို အလွဲသုံးစားလုပ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိပေမယ့် ပြည်ဖျက်မီဒိယာတွေရဲ့ ဖန်တီးရေးသားမှုပုံစံနဲ့ အကြောင်းရင်းမှန်က များစွာ ကွာဟနေပါလိမ့်မယ်။

အပြစ်မရှိတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်ကို ဖမ်းဆီးထားတာမျိုး အမေရိကန်အစိုးရက သည်းခံမှာ မဟုတ်ပါဘူး။ မြန်မာအစိုးရအနေနဲ့ကလည်း ပြည်ပနိုင်ငံသားများရဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ရာမှာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကို အလေးထားပြီး မှားယွင်းမှုမျိုး မဖြစ်အောင် အထူးဂရုစိုက်လေ့ ရှိပါတယ်။ 

အဲဒီဖြစ်စဉ် ၂ခုကို ပြည်ပြေး မီဒီယာတစ်ခုက လိုရာစွဲ ရေးသားထားရာမှာတော့ (တရုတ်အစိုးရက မြန်မာ့အရေးလေ့လာသူ အမေရိကန်နိုင်ငံသား မင်းဇင်ကို ဖမ်းဆီးချိန် မြန်မာစစ်တပ်ကလည်း စစ်အာဏာသိမ်းမှုကို ဝေဖန်ခဲ့သော အမေရိကန်နိုင်ငံသား စီးပွားရေးသမား Adam Castillo ကို ရန်ကုန်တွင် ဖမ်းဆီး) ဆိုတဲ့ ခေါင်းစဉ်နဲ့ နှိုင်းယှဉ်ရေးသားထားပါတယ်။

တရုတ်အစိုးရက မြန်မာ့အရေးလေ့လာသူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို ဖမ်းဆီးချိန် မြန်မာစစ်တပ်ကလည်း စစ်အာဏာသိမ်းမှုကို ဝေဖန်ခဲ့သော အမေရိကန်နိုင်ငံသား စီးပွားရေးသမား Adam Castillo ကို ရန်ကုန်တွင် ဖမ်းဆီးလိုက်ကြောင်း၊ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ပြီး အစဉ်တစိုက် စောင့်ကြည့်လေ့လာကာ ဒေသတွင်း တရုတ်၏ လွှမ်းမိုးမှုများကို ဝေဖန်ထောက်ပြလေ့ရှိသည့် အမေရိကန်နိုင်ငံသား နှစ်ဦးဖြစ်သော သုတေသီ ဦးမင်းဇင်နှင့် စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကက်စတီလို (Adam Castillo) တို့ကို တရုတ်အစိုးရနှင့် မြန်မာစစ်တပ်တို့က တပြိုင်တည်းနီးပါး ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း၊ အဆိုပါဖမ်းဆီးမှုနှစ်ခုသည် တစ်ချိန်တည်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခြင်းဖြစ်ပြီး အချင်းချင်း ချိတ်ဆက်မှုရှိကြောင်း ချက်ချင်းသက်သေမပြနိုင်သေးသော်လည်း၊ မြန်မာ့အရေးကို အာရုံစိုက်နေကြသည့် နိုင်ငံတကာ သံတမန်များနှင့် သုတေသီများကြားတွင် ကြီးမားသော စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း  ၏ ဥက္ကဌဟောင်းဖြစ်ပြီး ရန်ကုန်တွင် လုံခြုံရေးဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း လုပ်ကိုင်နေသည့် အမေရိကန်နိုင်ငံသား အာဒမ် ကက်စတီလိုသည်လည်း ဇွန်လ ၁၁ ရက်နေ့ အမေရိကန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိစဉ် ရန်ကုန်လေဆိပ်၌ပင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း၊ ကက်စတီလိုသည် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူဖြစ်ပြီး၊ ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်းက ဝါရှင်တန်ဒီစီသို့ သွားရောက်ကာ အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာ့အရေးတွင် အမေရိကန်က ပိုမိုတက်ကြွသော မူဝါဒများ ချမှတ်ရန်၊ အထူးသဖြင့် မြန်မာ့ရှားပါး မြေရှားဒြပ်စင်များနှင့် တရုတ်၏ ဘူမိနိုင်ငံရေးအရ စိတ်ဝင်စားမှုများကို တင်ပြဆွေးနွေးခဲ့သူ ဖြစ်ကြောင်း၊ သူသည်  မကြာသေးမီကလည်း မြန်မာနိုင်ငံတွင် ဖြတ်သန်းခဲ့ရသည့် ၎င်း၏အတွေ့အကြုံ စာအုပ်ကို မိတ်ဆက်ခဲ့ပြီး တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှု၏ "အကြီးမားဆုံး အကျိုးအမြတ်ရရှိသူ" ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ဖူးသူဖြစ်ကြောင်း ရေးသားဖော်ပြထားတာမျိုးတွေ့ရပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေရဲ့ ရေးသားဖြန့်ဝေမှုတွေကို အခြေခံပြီး သုံးသပ်ကြည့်မယ်ဆိုရင်ပဲ အာဒမ် ကက်စတီလို (Adam Castillo) ဆိုသူကို မြန်မာအစိုးရအနေနဲ့ အရေးယူဆောင်ရွက်မှုဟာ နှောင့်နှေးကြန့်ကြာနေတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ 

မင်းဇင်၊ အာဒမ် ကက်စတီလို (Adam Castillo) တို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို စနစ်တကျ လေ့လာထားပြီး အရေးယူဆောင်ရွက်ရန် အချိန်ကျပြီဖြစ်လို့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်လာတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒီကောင်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုဟာ အများပြည်သူကြား သတင်းမှားတွေ ဖြန့်ဝေပြီး ကိုယ်ကျိုးရှာရုံမျှမက လူထုလှုပ်ရှားမှုတွေဖြစ်အောင် တစ်ဖက်ကနေ လှုံ့ဆော်တတ်တဲ့ သဘောသဘာဝ ရှိပါတယ်။ အဲဒီလို လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ ငွေကြေးထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။

ဆက်စပ်ပြီး ပြောရရင် ဒီရက်ပိုင်းအတွင်းမှာပဲ ပြည်ဖျက်မီဒီယာတွေက မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားမှု သတင်းတွေ ဖန်တီးဖော်ပြလာပါတယ်။ ဒီဖြစ်စဉ် သတင်းတွေက ဆက်စပ်သုံးသပ်ရမယ့် ခေါင်းစဉ်တွေ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြောသလိုပဲ ၈၈မျိုးဆက် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ အငုံစိတ်မှာ တိုင်းဖျက် ပြည်ဖျက် လုပ်လိုစိတ် ရှိနေကြတယ်။ မြန်မာအစိုးရဘက်က အရေးယူဆောင်ရွက်မှုအပိုင်းမှာ ကြန့်ကြာတာမျိုးတွေ ရှိပါတယ်။

မြန်မာပြည်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို နှောင့်နှေးအောင် လုပ်တာက တစ်ကြောင်း၊ မမှန်သတင်းတွေ ဖြန့်ဝေပြီး တပ်မတော်နဲ့ ပြည်သူကြား အမုန်းပွားအောင် လုပ်ဆောင်နေတာက တစ်ကြောင်း၊ ငွေကြေးလိမ်လည်မှုတွေလည်း ရှိနေတဲ့အတွက်ကြောင့် လွှတ်ထားလို့ မရတော့ဘဲ အရေးယူဆောင်ရွက်မှု လုပ်တယ်လို့ သုံးသပ်ရပါတယ်။ အမှိုက်ရှင်းခြင်းလို့ ပြောရင်လည်း မမှားဘူးပေါ့။ ဒီအမှိုက်တွေ မရှိတော့မှသာ တိုင်းပြည်ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်ရေး လုပ်ငန်းစဉ်တွေဟာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ 

မြန်မာပြည်အနေနဲ့က တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘရာဇီး၊ အမေရိကန် ဘယ်နိုင်ငံမှ မိတ်ဝတ်ပျက်လိုခြင်း မရှိပါဘူး။ မြန်မာ - အမေရိကန် ကြားမှာ ပြဿနာမီးမွှေးနေတာကတော့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေပဲ ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူစွာ လက်တွဲဆောင်ရွက်နေတဲ့ အခြေအနေမျိုးကို သူတို့ မမြင်လို၊ မတွေ့လိုကြပါဘူး။ တပ်မတော်ခေါင်းဆောင်များက ဆောင်ရွက်လို့ တိုင်းပြည်ဖွံ့ဖြိုးလာတာမျိုးကို မနာလို မရှုစိမ့်ကြပါဘူး။ သူတို့ကိုယ်တိုင်လည်း ပြည်သူတွေ ကောင်းကျိုးဖြစ်အောင် ဆောင်ရွက်ပေးနိုင်စွမ်း မရှိကြပါဘူး။ သူတို့ တစ်ကိုယ်ရေ တစ်ကာယ ကောင်းစားရေးအတွက် မြန်မာ - တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို ကမောက်ကမဖြစ်အောင် လုပ်ဆောင်ပြီး ကိုယ်ကျိုးရှာနေကြတာတွေဟာ မြန်မာပြည်အနေအထားနဲ့ ပြောရင် များစွာ နစ်နာဆုံးရှုံးရပါတယ်။ မင်းဇင်တို့လို အမှိုက်တွေကို ရှင်းလင်းခြင်းဟာ တိုင်းပြည်အရွေ့ကို ကောင်းစွာ ပုံဖော်နိုင်သလို အဖျက်အမှောင့်တွေကို စနစ်တကျ တိုက်ဖျက်သွားမယ့် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်မိပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)