ဇွန် - ၁၅ ( တနင်္လာနေ့ )
ကမ္ဘာတစ်ဝန်းတွင် ကလေးလုပ်သားဦးရေ ၁၃၈ သန်းကျော် ရှိနေဆဲဖြစ်ပြီး ယင်းတို့အနက် ၅၄ သန်းကျော်မှာ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရကြောင်း ကမ္ဘာ့ကိန်းဂဏန်းများက ပြသနေစဉ်၊ ထိုင်းအစိုးရက ပိုမိုတင်းကျပ်တဲ့ ဥပဒေစိုးမိုးရေး၊ ကျွမ်းကျင်မှုသင်တန်းများနှင့် ကျောင်းသားများအတွက် ဘေးကင်းသော ကျောင်းပိတ်ရက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀,၀၀ ကို ဖန်တီးပေးခြင်းတို့ဖြင့် ကလေးလုပ်သား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ကတိကဝတ်ပြုလိုက်ပါတယ်။
နှစ်စဉ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်တဲ့ 'ကမ္ဘာ့ကလေးလုပ်သား ဆန့်ကျင်ရေးနေ့' တွင် ဝန်ကြီးချုပ်ရုံရဲ့ ဒုတိယအစိုးရပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ဖတ်ဒရာဆာမီ သောင်ဆာလူအေကွန် က ကလေးများနဲ့ လူငယ်များကို မသင့်လျော်တဲ့အပြင် ဘေးကင်းမှုမရှိသော လုပ်ငန်းခွင်များမှ ကာကွယ်စောင့်ရှောက်ရေးကို အစိုးရအနေဖြင့် အထူးဦးစားပေး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။
လူငယ်များအနေဖြင့် ဘေးကင်းလုံခြုံစွာဖြင့် လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိစေရန်နဲ့ နိုင်ငံတော်၏ အနာဂတ်အတွက် အရေးပါသော အင်အားစုများအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပညာရေး၊ သက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသက်အရွယ်အလိုက် ကိုက်ညီသည့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေးတို့ကိုလည်း အစိုးရက မြှင့်တင်ဆောင်ရွက်ပေးနေကြောင်း သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။
ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း ပြသနေပါတယ်။ ထိုင်းနိုင်ငံတွင်မူ အလုပ်သမားဝန်ကြီး ဂျူလာပန် အာမွန်ဗီဗတ် က အလုပ်သမားဝန်ကြီးဌာနအောက်ရှိ အေဂျင်စီအားလုံးအနေဖြင့် ထိရောက်ပြတ်သားသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ညွှန်ကြားထားပြီး၊ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမား မိသားစုများမှ ကလေးငယ်များနှင့် စီးပွားရေးကျပ်တည်းမှုကြောင့် အလုပ်ခွင်ထဲသို့ စောစီးစွာဝင်ရောက်ခဲ့ရတဲ့ ထိုင်းကလေးငယ်များကဲ့သို့ ထိခိုက်လွယ်သော အုပ်စုများကို အလေးထားဆောင်ရွက်ရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။
REF - The Nation
#MNP #News



No comments:
Post a Comment