ထရမ့်နဲ့ ပူတင်တို့က ရှီကျင့်ဖျင်ဆီကို အလည်သွားပြီးနောက် ရှီက ကင်ဂျုံအန်ဆီကို အလည်သွားရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်နဲ့ ပူတင်တို့က ရှီကျင့်ဖျင်ဆီကို အလည်သွားပြီးနောက် ရှီက ကင်ဂျုံအန်ဆီကို အလည်သွားရ


ဇွန် - ၅ ( သောကြာနေ့ )  

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖိတ်ကြားချက်အရ လာမည့်သီတင်းပတ်တွင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ် နဲ့  မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာများက ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါ နိုင်ငံတော်အဆင့် ခရီးစဉ်ကို ဇွန်လ ၈ ရက်မှ ၉ ရက်အထိ ဖြစ်ပြီး တရုတ် ဆင်ဟွာသတင်းဌာနဲ့  မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) က  ရှီကျင့်ဖျင်သည် ကင်ဂျုံအန်း၏ ဖိတ်ကြားချက်အရ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း အလားတူ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့  မီဒီယာနှစ်ခုစလုံးက ယခုခရီးစဉ်ရဲ့ ဆွေးနွေးမည့် အစီအစဉ်အသေးစိတ်ကိုမူ ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ပါ။

ရှီကျင့်ဖျင်သည် ပြုံယမ်း သို့ နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်တွင် သွားရောက်လည်ပတ်ခဲ့ပြီး ကင်ဂျုံအန်းသည် မနှစ်က စက်တင်ဘာလက ပေကျင်းသို့ သွားရောက်ခဲ့ပါတယ်။ ကင်ဂျုံအန်းရဲ့ တရုတ်ခရီးစဉ် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အင်ပါယာ ရှုံးနိမ့်ခဲ့သည့် နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်အတူ တက်ရောက်ရန် သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ 

ယခုခရီးစဉ်သည် ရှီကျင့်ဖျင်က ရုရှားသမ္မတ ပူတင် နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အား ဘေကျင်းမြို့၌ သီးခြားစီ အဆင့်မြင့်တွေ့ဆုံပွဲများဖြင့် လက်ခံတွေ့ဆုံခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ထရမ့်သည် မေလ ၁၄-၁၅ ရက်တွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ပူတင်ကိုမူ မေလ ၁၉-၂၀ ရက်တွင် တရုတ်ကို လာရောက်လည်ပတ်ခဲ့ပါတယ်။ တွေ့ဆုံပွဲနှစ်ခုစလုံးတွင် ဘေကျင်း၌ အလားတူ တရားဝင်ဂုဏ်ပြုကြိုဆိုမှုများ ပြုလုပ်ခဲ့ပေမဲ့ တရုတ်က ဝါရှင်တန်၊ မော်စကိုတို့နှင့် ထားရှိသည့် ကွဲပြားခြားနားသော နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးများကို ထင်ဟပ်ပေါ်လွင်စေခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)