ဇွန် -၁၀ ( ဗုဒ္ဓဟူးနေ့ )
ကမ္ဘာ့ထိပ်သီး စူပါပါဝါ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် နည်းပညာနှင့် ကုန်သွယ်ရေးစစ်ပွဲသည် ပိုမိုပြင်းထန်လာပြီး၊ ကမ္ဘာ့စီးပွားရေးကို တစ်ကျော့ပြန် တုန်လှုပ်ချောက်ချားစေမဲ့ အန္တရာယ်ကို မြင့်တက်စေလျက်ရှိပါတယ်။
နိုင်ငံတကာ သတင်းဌာနတစ်ခုရဲ့ နောက်ဆုံးရ အစီရင်ခံစာအရ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က နာမည်ပျက်စာရင်းသွင်းတဲ့ အရေးယူဆောင်ရွက်မှုများကို အကြီးအကျယ် တိုးမြှင့်လုပ်ဆောင်လာကြောင်း ကြေညာခဲ့ပြီး၊ တရုတ်ထိပ်သီး ကုမ္ပဏီတွေဖြစ်တဲ့ အလီဘာဘာ၊ ဘီဝိုင်ဒီ နဲ့ ဘိုင်ဒူး အပါအဝင် တရုတ်နိုင်ငံရဲ့ အဓိက ကော်ပိုရိတ်လုပ်ငန်းစုကြီးများကို “တရုတ်စစ်ဘက်ဆိုင်ရာ ကုမ္ပဏီများ” အဖြစ် နာမည်ပျက်စာရင်းသို့ တရားဝင် ထည့်သွင်းလိုက်ကြောင်း သိရပါတယ်။
အခုလိုလုပ်ရပ်က အဲ့ဒိနာမည်ပျက်စာရင်းကို ကမ္ဘာပေါ်တွင် သြဇာအရှိဆုံးနှင့် လူသိအများဆုံး ဖြစ်တဲ့ ထိပ်တန်းစီးပွားရေး အမှတ်တံဆိပ် အချို့အထိ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့သတ်မှတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
တနင်္လာနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်) က ထုတ်ပြန်ခဲ့တဲ့ ပင်တဂွန်စစ်ဌာနချုပ်၏ နှစ်ပတ်လည် အမည်ပျက်စာရင်း နောက်ဆုံးပြင်ဆင်ချက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အား ထောက်ပံ့ကူညီပေးနေတဲ့ လမ်းကြောင်းများ သို့မဟုတ် အားပေးအားမြှောက်ပြုနေတဲ့ ကုမ္ပဏီများအဖြစ် သတ်မှတ်ခံရသော တရုတ်ကုမ္ပဏီ အရေအတွက်သည် ၂၀၂၅ ခုနှစ်က ၁၃၄ ခုသာ ရှိခဲ့ရာမှ ယခုအခါ ၁၈၈ ခုအထိ ချက်ချင်း မြင့်တက်လာခဲ့ပါတယ်။
အမည်ပျက် စာရင်းသွင်းခံရတဲ့ ကုမ္ပဏီများက အရည်အချင်း ပျက်ပြယ်မည်ဖြစ်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဘက်ဆိုင်ရာ ကန်ထရိုက်လုပ်ငန်းများ လျှောက်ထားခြင်းမှ "လုံးဝ ပိတ်ပင်ခြင်း ခံရမှာ" ဖြစ်ပြီး အရေးယူဆောင်ရွက်ချက်ကို ဇွန်လကုန်တွင် တရားဝင် စတင်အသက်ဝင်မှာဖြစ်ပါတယ်။
REF: The Nation
#MNP #News

No comments:
Post a Comment