ကျောင်းအပ်နှံမှုရာခိုင်နှုန်းများ တိုးတက်မြင့်မားစေရေး အလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းအပ်နှံမှုရာခိုင်နှုန်းများ တိုးတက်မြင့်မားစေရေး အလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှာကြား









ပဲခူး၊ ဇွန် ၁

 ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန်လ ၁ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းများ တိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်များအလိုက် အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်နှံမှု ရာခိုင်းနှုန်းတိုးတက် မြင့်မားစေရေး သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်နေမှု အခြေအနေများ တင်ပြရန်နှင့် လိုအပ်ချက်များရှိပါက ချက်ခြင်းဖြေရှင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့သည်။

 ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကျောင်း အပ်နှံမှု၊ ကျောင်းတက်ရောက်နေမှုနှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ကြားနေမှု အခြေအနေများကို လည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက စာသင်ကျောင်းများအလိုက် ကျောင်းအပ်နှံမှု တိုးတက်မြင့်မားလာစေရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် သက်ဆိုင်ရာ များနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား သုံးသပ်ရှင်းလင်း တင်ပြခဲ့ကြသည်။

 ယင်းနောက် တိုင်းဒေသကြီးပညာရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံရမည့် လျာထားကျောင်းသားဦးရေ၊ ကျောင်းအပ်နှံမှုရာခိုင်နှုန်းနှင့် ကျောင်းတက်ရောက်မှု ရာခိုင်းနှုန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ အစိုးရအဖွဲ့ တာဝန်ရှိသူများက ယခင်နှစ်ကျောင်းအပ်နှံမှုနှင့်အတူ ယခု နှစ်တွင်လည်း လျာထားချက်ပြည့်မီစွာ ကျောင်းတက်ရောက်နိုင်ရေး ဝိုင်းဝန်းအကြံပြုတင်ပြခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)