ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ







ဂန့်ဂေါ၊ ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းမှစတင်၍ အေးချမ်းစွာဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက် တန်းကျောင်းများစတင် ဖွင့်လှစ်သင်ကြားပေးမှုအခြေအနေများကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေးကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် အခက်အခဲမရှိစေရေး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်အလိုက် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်/ ခဲတံများအစရှိသည့် ကျောင်းအသုံးအဆောင်ပစ္စည်းများ(အခမဲ့) ထုတ်ပေးထားရှိမှုအခြေအနေများကို မေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဂန့်ဂေါမြို့နယ်အတွင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း(၂၀) ကျောင်း ရှိပြီး အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ(၃၈၆၇)ဦး၊ အခြေခံပညာ အလယ်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ(၁၅၄၃)ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း များတွင် (၇၃၉)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူပေါင်း(၆၁၄၉)ဦး အပ်နှံထားရှိကြောင်း သိရှိရသည်။

မောင်မျိုးမင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)