အရှေ့တောင်အာရှ နိုင်ငံတွေက နျူကလီယားဓာတ်ပေါင်းဖိုတွေ ဆောက်ဖို့ အားသန်နေကြပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အရှေ့တောင်အာရှ နိုင်ငံတွေက နျူကလီယားဓာတ်ပေါင်းဖိုတွေ ဆောက်ဖို့ အားသန်နေကြပြီ


ဇွန် - ၅ ( သောကြာနေ့ ) 

အရှေ့တောင်အာရှတွင် နျူကလီးယားဓာတ်ပေါင်းဖိုအသစ်များ တည်ဆောက်ဖို့ ဦးတည်လှုပ်ရှားလာမှုက အရှိန်အဟုန် မြင့်တက်လာနေပြီး၊ ၎င်းတို့က ဒေသတွင်း၌ မြင့်တက်လာနေတဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် နဲ့ ရုပ်ကြွင်းလောင်စာ ထောက်ပံ့မှုအပေါ် မှီခိုနေရတာကို လျှော့ချဖို့ နည်းလမ်းတွေ အနက်က နျူ့ဓာတ်ပေါင်းဖို့တွေက အဖြေဖြစ်လာတယ်ဆိုတာကို မြင်လာကြပါပြီ။ 

စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ဒေသတဝှမ်းတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုမိုမြင့်မားလာနေပါတယ်။ တစ်ချိန်တည်းမှာပင်၊ အရှေ့အလယ်ပိုင်းဒေသ၌ အခြေအနေများ ပိုမိုဆိုးရွားလာခြင်းက လောင်စာထောက်ပံ့မှု ပြတ်တောက်သွားမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်စေခဲ့ပြီး ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ဈေးနှုန်းများကို သိသိသာသာ ထိုးတက်သွားစေခဲ့ပါတယ်။ ဒါ့ကြောင့် နျူကလီးယားစွမ်းအင်ကို စွမ်းအင်လုံခြုံစိတ်ချရမှု ခိုင်မာအားကောင်းစေရန်အတွက် မဟာဗျူဟာမြောက် ရွေးချယ်စရာတစ်ခုအဖြစ် ပိုမိုရှုမြင်လာကြပါတယ်။ 

ရုရှားနိုင်ငံက ၎င်းရဲ့ အမျိုးသားမူဝါဒဖြစ်သော နျူကလီးယားစွမ်းအင် အခြေခံအဆောက်အအုံဆိုင်ရာ ပို့ကုန်များကို မြှင့်တင်သည့် အစီအစဉ်ဖြင့် ဤအပြောင်းအလဲတွင် အထင်ရှားဆုံး ပါဝင်ပတ်သက်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဂျပန်နှင့် အမေရိကန် ကုမ္ပဏီများသည်လည်း အရှေ့တောင်အာရှတွင် နောင်တစ်ချိန်၌ နျူကလီးယားစွမ်းအင်ဈေးကွက် အကြီးအကျယ် ဖြစ်ထွန်းလာနိုင်ခြေရှိတယ်လို့ မြင်တွေ့နေကြသဖြင့် ၎င်းဒေသကို အနီးကပ်စောင့်ကြည့်လျက် ရှိကြပါတယ်။ 

ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ ရိုဆာတွမ် ရဲ့  ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ အလက်ဆီ လီခါးချက်ဗ် က မေလလယ်ပိုင်းတွင် ဂျာကာတာမြို့သို့ သွားရောက်ခဲ့ပြီး အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနဲ့  တွေ့ဆုံခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးက နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါတယ်။ “ကျနော်တို့ဟာ နည်းပညာတွေအကြောင်းတင်မကဘဲ ဝန်ထမ်းတွေကို လေ့ကျင့်ပျိုးထောင်ပေးရေးနဲ့ အခြားကဏ္ဍတွေကိုပါ အဓိကထားတဲ့ ရေရှည်မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ဖို့ အတွက်ပါ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်” လို့ လီခါးချက်ဗ်က ပြောကြားခဲ့ပါတယ်။ 

မတ်လတွင် ဗီယက်နမ်နိုင်ငံသည် ရိုဆာတွမ်  ဓာတ်ပေါင်းဖိုများကို အသုံးပြု၍ ၎င်း၏နိုင်ငံအတွင်း နျူကလီးယား ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန်အတွက် ရုရှားနိုင်ငံနှင့် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ စုစုပေါင်း ထွက်ရှိမှု ကီလိုဝပ် ၂.၄ သန်း (၂.၄ ဂီဂါဝပ်) ရှိမည့် ဓာတ်ပေါင်းဖိုအသစ်များကို တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ရိုဆာတွမ်  က ပြောပါတယ်။ 


REF: The Nation

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)