လက်ဘနွန်အတွက် အီရန်က အစ္စရေးကို ဒုံးတွေနဲ့ လှမ်းပစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လက်ဘနွန်အတွက် အီရန်က အစ္စရေးကို ဒုံးတွေနဲ့ လှမ်းပစ်


ဇွန် - ၈ ( တနင်္လာနေ့ ) 

အီရန်နိုင်ငံသည် တနင်္ဂနွေနေ့ (ဇွန် ၇ ရက်) က အစ္စရေးမြောက်ပိုင်းရှိ ရာမတ်ဒေးဗစ် လေတပ်အခြေစိုက်စခန်းကို ပဲ့ထိန်းဒုံးကျည်များဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး ယင်းမှာ ဘေရွတ်မြို့တိုက်ခိုက်ခံရမှုကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ 

အစ္စရေးစစ်တပ်က အီရန်ဘက်မှ ပစ်ခတ်လိုက်သော ဒုံးကျည်အားလုံးကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး လက်ဘနွန်နိုင်ငံအတွင်း ၎င်းတို့ရဲ့ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ကာ ဟစ်ဇဘိုလာအဖွဲ့အပေါ် စစ်ဆင်ရေးများကို ပိုမိုတိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ 

အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကမူ ယခုဒုံးကျည်တိုက်ခိုက်မှုသည် "သတိပေးချက်" မျှသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်အပေါ် ပြန်လည်လက်တုံ့ပြန်ခြင်း မပြုရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို တိုက်တွန်းခဲ့ပါတယ်။ 

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အီရန်စစ်ဘက်ဆိုင်ရာ ဗဟိုကွပ်ကဲမှုဌာနက "လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ စစ်ဆင်ရေးများကို အဆုံးသတ်ရန် တောင်းဆိုခဲ့ပြီး ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်များအပေါ် အစ္စရေး၏ နောက်ဆုံးတိုက်ခိုက်မှုသည် အန္တရာယ်ရှိတဲ့ စည်းအားလုံးကို ကျော်လွန်သွားခဲ့ပြီ" လို့ ဆိုပါတယ်။  "ပြင်းထန်ဆိုးရွားပြီး နောင်တရစေမည့် ထိုးနှက်ချက်များ" ဖြစ်လာနိုင်ကြောင်း သတိပေးရင်း ခါတမ် အယ်လ်-အန်ဘီယာ  ကွပ်ကဲမှုဌာနချုပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အလီ အဗ္ဗဒိုလာဟီ က ယခု ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်တာက  သတိပေးချက်မျှသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

၎င်းစစ်ဘက်အဖွဲ့အစည်းက "ဒီညရဲ့ စစ်ဆင်ရေးဟာ သတိပေးချက်တစ်ခု ဖြစ်ပါတယ်။ အကယ်၍ ဒီလို ကျူးကျော်တိုက်ခိုက်မှုမျိုးတွေ ထပ်မံဖြစ်ပွားလာရင် တုံ့ပြန်မှုတွေဟာ အခုထက်မက ပိုမိုကျယ်ပြန့်လာမှာဖြစ်ပြီး ဒေသတွင်းမှာရှိတဲ့ အမေရိကန်နဲ့ ဇီယွန်ဝါဒီ (အစ္စရေး) တို့ရဲ့ ပစ်မှတ်အားလုံးကို လွှမ်းခြုံသွားမှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။ 

အီရန်နိုင်ငံက တိုက်ခိုက်မှုစတင်ပြီးနောက် ၎င်းတို့နိုင်ငံရဲ့ အနောက်ပိုင်းကောင်းကင်ယံရှိ လေပိုင်နက်ကို ပိတ်ပစ်ခဲ့ပြီး တီဟီရန်နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်မယ့် လေကြောင်းခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားလိုက်ပါတယ်။ 


REF: WION

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)