ဇွန် - ၈ ( တနင်္လာနေ့ )
ဟော်မုဇ် ရေလက်ကြား အတွင်း ရေကြောင်းကုန်သွယ်မှု အနှောင့်အယှက် ဖြစ်ပွားမှုတွေကြောင့် အိန္ဒိယနိုင်ငံ အနေနဲ့ အနာဂတ်မှာ အာတိတ်သမုဒ္ဒရာကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ မြောက်ပိုင်းပင်လယ်ရေကြောင်းလမ်း (NSR) ကို ပိုမိုတိုးမြှင့်အသုံးပြုဖို့ စဉ်းစားနေကြောင်း ရုရှားဖက်နိုင်ငံ၊ ဝေးလံခေါင်သီသော အရှေ့ဖျားဒေသနဲ့ အာတိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဖြစ်သူ အလက်ဆီ ချေကွန်ကော့ဗ် က ပြောကြားလိုက်ပါတယ်။
သောကြာနေ့က ကျင်းပခဲ့တဲ့ စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် (SPIEF 2026) ရဲ့ ဘေးဘက်ဆွေးနွေးပွဲ တစ်ခုမှာ ချေကွန်ကော့ဗ်က RT သတင်းဌာနသို့ ပြောကြားရာတွင် ရုရှား-အိန္ဒိယ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး စင်္ကြံလမ်းကြောင်း လို့ ခေါ်တွင်ပြီး ဗလာဒီဗော့စတော့ခ်မြို့ နဲ့ ချန်နိုင်းမြို့ တို့ကို ဆက်သွယ်ထားတဲ့ လက်ရှိပြေးဆွဲနေဆဲ သင်္ဘောလိုင်းကို ‘NSR’ မှတစ်ဆင့် အိန္ဒိယနိုင်ငံနဲ့ ဥရောပစျေးကွက်တွေကို ချိတ်ဆက်ပေးနိုင်ဖို့အထိ တိုးချဲ့သွားနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ ၎င်းရဲ့ မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် အာတိတ်သမုဒ္ဒရာကို ဖြတ်သန်းဖောက်လုပ်ထားပြီး အရှေ့အာရှနဲ့ ဥရောပအကြား အတိုဆုံး ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းဖြစ်တဲ့ ‘NSR’ ကို အဓိကရေကြောင်းလိုင်းတစ်ခု ဖြစ်လာစေချင်ပြီး ၎င်းရဲ့ အခြေခံအဆောက်အအုံပိုင်းမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေတယ်လို့ ဆိုပါတယ်။
အဆိုပါ လမ်းကြောင်းဟာ အိန္ဒိယနိုင်ငံအတွက် ကုန်စည်တွေကို ဥရောပအရှေ့ပိုင်းနဲ့ မြောက်ပိုင်းစျေးကွက်တွေဆီ တင်ပို့ဖို့ အခြားရွေးချယ်စရာ လမ်းကြောင်းသစ်တွေကို ရရှိစေမှာဖြစ်ပြီး စူးအက်တူးမြောင်းကို ဖြတ်သန်းရတဲ့ ရိုးရာရေကြောင်းလမ်းဟောင်းတွေနဲ့ နှိုင်းယှဉ်ရင် ခရီးအကွာအဝေး ၄၀ ရာခိုင်နှုန်းအထိ သက်သာစေမယ့်အပြင် ခရီးသွားလာချိန် နှစ်ပတ်ခန့်ကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
အိန္ဒိယဘက်ကလည်း ဒါကို အရမ်းစိတ်ဝင်စားနေပါတယ် လို့ ချေကွန်ကော့ဗ်က ပြောကြားခဲ့ပြီး ‘ကျွန်တော်တို့မှာ ရေခဲပြင်ဖြတ်သန်းနိုင်တဲ့ သင်္ဘောအုပ်စုကို ပူးပေါင်းအကောင်အထည်ဖော်ဖို့နဲ့ ကွန်တိန်နာရေကြောင်း သယ်ယူပို့ဆောင်ရေးကို ပူးပေါင်းမြှင့်တင်ဖို့အတွက် ကြီးမားတဲ့ အပြန်အလှန် စွမ်းဆောင်ရည်တွေနဲ့ အခွင့်အလမ်းကောင်းတွေ ရှိနေကြပြီး ဒါတွေကလည်း တကယ်ဖြစ်ပျက်နေပါပြီ’ လို့ ဆိုပါတယ်။
လက်ရှိတွင် အိန္ဒိယသင်္ဘောကျင်းများသည် အာတိတ်လမ်းကြောင်းရဲ့ ကြမ်းတမ်းတဲ့ ရေပြင်ကို ဖြတ်သန်းမောင်းနှင်နိုင်ရန်အတွက် နျူကလီးယားစွမ်းအင်သုံးမဟုတ်သည့် ရေခဲခွဲသင်္ဘော လေးစင်းကို တည်ဆောက်နေကြပြီဖြစ်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment