တန့်ယန်း၊ ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့ နံနက ၄ နာရီ အချိန်ခန့်က မိုးသည်းထံစွာရွာသွန်းခဲ့မှုကြောင့် အမှတ်(၅)ရပ်ကွက်ရှိ ရေလည်ဘုန်းတော်ကြီးကျောင်း၏ အုတ်တတိုင်း ခြံစည်းရိုး ပေ (၈၀)ခန့် ပြိုကျခဲ့မှုအား ရေစီးရေလာပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် နံနက် ၈ နာရီခွဲက တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ရေလည်ဘုန်းတော်ကြီးကျောင်း၏ အုတ်တတိုင်းပြိုကျခဲ့မှုအား ရေစီးရေလာပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှင်းလင်းဆောင်ရွက်နေမှုအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်မှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်နှင့်အရာရှိများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့်တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများက လိုအပ်သည်များအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MNP #News


No comments:
Post a Comment