မြန်မာနိုင်ငံဟာ တွင်းထွက်သယံဇာတ အလွန်ပေါများတဲ့ နိုင်ငံဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ကမ္ဘာ့တန်ဖိုးတန် တွင်းထွက်ရတနာများ ရှိပါတယ်။ ရွှေ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲ အပါအဝင် မြေရှားသတ္တုလို တန်ဖိုးမြင့် တွင်းထွက်ရတနာများ ထွက်ရှိရာ ရတနာမြေဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးဗျူရို က ၁၄-၆-၂၀၂၆ ရက်နေ့က မြန်မာ့ကမ်းလွန်ပင်လယ်ပြင်၌ အလားအလာကောင်းမွန်သော သဘာဝဓာတ်ငွေ့သိုက်များရှာဖွေတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့များကို မြန်မာ့ကမ်းလွန်စီမံကိန်းများမှ ထုတ်ယူလျက်ရှိပြီး လက်ရှိထုတ်လုပ်နေသည့် စီမံကိန်းများတည်ရှိနေသော ရေတိမ်ပိုင်းကမ်းလွန်ဒေသများအပြင် ရေနက်ပိုင်းကမ်းလွန်ဒေသများတွင်လည်း ကြီးမားသောသဘာဝဓာတ်ငွေ့ ခိုအောင်းမှုများရှိနေသည်ဟု ဘူမိဗေဒပညာရှင်များက ပင်လယ်ရေအောက်တွင်တည်ရှိနေသည့် သဲကြောများအား 3D Seismic ပြုလုပ်၍ရရှိလာသည့် အချက်အလက်များနှင့် စမ်းသပ်တူးဖော်ခဲ့သော ရှာဖွေရေးတွင်းများ၏ ရလဒ်များကိုအခြေပြု၍ အတည်ပြုထားကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် ကမ်းလွန်စီမံကိန်းလေးခုကို ဖော်ဆောင်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်မြေဩဇာထုတ်လုပ်မှုအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် သဘာဝဓာတ်ငွေ့များကို အသုံးပြုလျက်ရှိရာ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုလျက်ရှိကြောင်း၊ ယခုအခါစီမံကိန်းအသစ်လေးခုကို ထပ်မံဖော်ဆောင်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိနေပြီး ယင်းစီမံကိန်းလေးခုအနက် ဧရာဝတီကမ်းလွန်ဒေသတွင် ဖော်ဆောင်နေသည့် စီမံကိန်းနှင့် တနင်္သာရီကမ်းလွန်ဒေသတွင် ဖော်ဆောင်နေသည့် စီမံကိန်းတို့သည် ဓာတ်ငွေ့သိုက်ပမာဏ ကြီးမားပြီး အလားအလာကောင်းသော စီမံကိန်းများဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဧရာဝတီကမ်းလွန်ဒေသလုပ်ကွက် စီမံကိန်းသည် ဧရာတီကမ်းလွန်ဒေသ ရေနက်ကမ်းလွန် ပိုင်းတွင်တည်ရှိပြီး အစမ်းတွင်းနှင့် အတည်ပြုတွင်းများတူးဖော်၍ ရာနှုန်းပြည့်သေချာမှုရှိသည့် သဘာဝဓာတ်ငွေ့ ၁၄ ထရီလီယံ ကုဗပေအထိထွက်ရှိရန် အလားအလာရှိသော ဓာတ်ငွေ့သိုက်ဖြစ်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
သဘာဝဓာတ်ငွေ့ ၁၄ ထရီလီယံ ကုဗပေ ဆိုတဲ့ပမာဏကို လေ့လာကြည့်တဲ့အခါ -
၁၄ ထရီလီယံ ကုဗပေ ဆိုတာ သဘာဝဓာတ်ငွေ့ အတိုင်းအတာ ကြီးကြီးမားမားတစ်ခု ဖြစ်ပါတယ်။
၂၀၂၁ခုနှစ် အချက်အလက်များအရ ကမ္ဘာ့စုစုပေါင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှုဟာ ခန့်မှန်း ၇၀၀၀ ထရီလီယံ ကုဗပေ ရှိပါတယ်။ ဒါကြောင့် ၁၄ ထရီလီယံ ကုဗပေ ဆိုတာ ကမ္ဘာ့စုစုပေါင်း၏ အနီးစပ်ဆုံး ဝ.၂% လောက်ပဲ ရှိပါတယ်။ များပြားပေမယ့် ကမ္ဘာ့အတိုင်းအတာနဲ့ နှိုင်းရင် သေးငယ်ပါတယ်။
အမေရိကန်နိင်ငံရဲ့ နှစ်စဉ် သုံးစွဲမှု အနီးစပ်ဆုံး သဘာဝဓာတ်ငွေ့ ၃၂-၃၃ ထရီလီယံ ကုဗပေ လောက်ရှိတယ်။ ၂၀၁၇-၂၀၂၄ အချက်အလက်များအရ ကမ္ဘာ့နှစ်စဉ် စုစုပေါင်း သုံးစွဲမှု — ခန့်မှန်း ၁၃၀-၁၄၀ ထရီလီယံ ကုဗပေ လောက် ရှိပါတယ်။
သဘာဝဓာတ်ငွေ့ကို လျှပ်စစ်ထုတ်လုပ်ရေး၊ စက်ရုံများ၊ ဓာတ်ဆီ/ဒီဇယ်အစားထိုး စသဖြင့် အမျိုးမျိုး သုံးနိုင်ပါတယ်။ စွမ်းအင်ညီမျှချက်အခေအြနေအရ သဘာဝဓာတ်ငွေ့ ၁ ထရီလီယံ ကုဗပေဟာ = ၁၇၀ သန်း ဘိုင်ရယ် ရေနံ (BOE) နဲ့ ညီမျှတယ်။ ၁၄ ထရီလီယံ ကုဗပေ ဆိုရင် ရေနံ ဘိုင်ရယ် သန်း ၂,၄၀၀ လောက် ရှိပါတယ်။ မြန်မာ့ အခြေအနေနဲ့တွက်ဆရင် လက်ရှိ ထုတ်လုပ်မှု နှုန်းနဲ့ တွက်ရင် နှစ် ၂၀-၃၀ လောက် ခံနိုင်ပါတယ် (တင်ပို့ရောင်းချမှု နဲ့ ပြည်တွင်း သုံးစွဲမှု ပေါ်မူတည်ပြီး ကွဲပြားနိုင်တယ်)။ ပြည်တွင်း လျှပ်စစ်လိုအပ်ချက်အတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ အမှန်တကယ် ထုတ်ယူသုံးစွဲရာမှာ ဆုံးရှုံးမှု (၁၀-၂၀%) လည်း ရှိနိုင်ပါတယ်။
ဒါဆိုတော့ ဧရာဝတီတိုင်းဒေသကြီးဟာ ဆန်၊ စပါးနဲ့ ရေထွက်ကုန်သာ ရှိရာကနေ တွင်းထွက်ရတနာ သဘာဝဓာတ်ငွေ့ပါ တိုးလာတဲ့အတွက် မြန်မာပြည်ရဲ့ ဆန်အိုးကြီး ကနေ မြန်မာပြည်ကို အလင်းပေးတဲ့ တိုင်းဒေသကြီးအဖြစ် စံချိန်တင်နိုင်တော့မှာ ဖြစ်ပါတယ်။
တနင်္သာရီကမ်းလွန်ဒေသ လုပ်ကွက်သည် တနင်္သာရီကမ်းလွန်ဒေသ ရေနက်ကမ်းလွန်ပိုင်းတွင် တည်ရှိပြီး သဘာဝဓာတ်ငွေ့သိုက်ဟု အတည်ပြုထားပြီး သေချာမှု ၉၀ ရာခိုင်နှုန်း (P 90) ပမာဏ ၉၅ ထရီလီယံကုဗပေခန့်ရှိကြောင်း၊ အစမ်းတွင်းများ ဆက်လက်တူးဖော်မည်ဖြစ်ရာ ဓာတ်ငွေ့ခိုအောင်းနေမှုပမာဏအား တိကျသေချာစွာသိရှိပါက စီးပွားဖြစ်တူးဖော်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
သဘာဝဓာတ်ငွေ့ ၉၅ ထရီလီယံ ကုဗပေ ဆိုတာ အလွန်ကြီးမားတဲ့ ပမာဏ ဖြစ်ပါတယ်။ ကမ္ဘာ့ နှစ်စဉ် သုံးစွဲမှု (၁၃၀-၁၅၀ ထရီလီယံ ကုဗပေ ) နဲ့ နှိုင်းရင် ကမ္ဘာ့စုစုပေါင်း အနှစ် ဝ.၆-ဝ.၇ နှစ် လောက် လုံလောက်မှု ရှိပါတယ်။ မြန်မာနိုင်ငံအတွက် အများကြီး ပိုများတဲ့ ပမာဏ ဖြစ်လို့ နိုင်ငံတော်အဆင့် သို့မဟုတ် ဒေသဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အလွန်တန်ဖိုးရှိပါတယ်။
လျှပ်စစ်ထုတ်လုပ်ရေး (Electric Power Generation) — အဓိက အကောင်းဆုံး ကဏ္ဍသဘာဝဓာတ်ငွေ့ကို ဓာတ်ငွေ့ဓာတ်အားပုံစံ (Gas-fired power plants) တွေ၊ Combined Cycle စနစ်တွေမှာ သုံးပြီး လျှပ်စစ်ထုတ်လုပ်နိုင်ပါတယ်။
ထိရောက်မှု မြင့်မားပြီး (၅၀-၆၀%+)၊ ကျောက်မီးသွေး နဲ့ နှိုင်းရင် ညစ်ညမ်းမှု နည်းပါတယ်။ ပြန်လည်ပြည့်ဖြိုးနိုင်တဲ့ စွမ်းအင် (လေနဲ့ နေရောင်ခြည်) တွေနဲ့ တွဲဖက်အသုံးပြုရင် လျှပ်စစ်ကွန်ရက် တည်ငြိမ်မှု ရရှိပါတယ်။
ပမာဏ ဥပမာ — ဒီပမာဏနဲ့ မြန်မာလို နိုင်ငံ တစ်ခုလုံး လျှပ်စစ်လိုအပ်ချက်ကို နှစ်များစွာ ဖြည့်ဆည်းနိုင်ပါတယ်။
စက်မှုလုပ်ငန်း (Industrial Sector)အပူပေးရေး နဲ့ စွမ်းအင် — စက်ရုံတွေ၊ ဖန်ထုတ်လုပ်ရေး၊ သတ္တုချွတ်ရေး၊ အစားအစာ ပြုပြင်ရေး စသဖြင့် လိုအပ်တဲ့ အပူ နဲ့ စွမ်းအင်အတွက် အသုံးပြုနိုင်ပါတယ်။
ဓာတုပစ္စည်း အရင်းအမြစ် (Feedstock) — ဓာတ်မြေသြဇာ (Fertilizer - Ammonia/Urea)၊ ဓာတ်သတ္တု (Petrochemicals)၊ ပလတ်စတစ်၊ မီသနော (Methanol) စသဖြင့် ထုတ်လုပ်ရေးမှာ အဓိက အသုံးပြုပါတယ်။ ဒါဟာ စိုက်ပျိုးရေး နဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုအတွက် အရေးပါဆုံး ကဏ္ဍတစ်ခု ဖြစ်ပါတယ်။
စက်ရုံတွေမှာ Combined Heat and Power (CHP) စနစ်နဲ့ အသုံးပြုရင် စွမ်းအင် ထိရောက်မှု ပိုမြင့်ပါတယ်။
အိမ်သုံး နဲ့ စီးပွားရေး အဆောက်အအုံများ (Residential & Commercial)ချက်ပြုတ်ရေး၊ ရေပူပေးရေး၊ အပူပေးရေး (Heating) နဲ့ အခြား အိမ်သုံး လိုအပ်ချက်တွေအတွက် သုံးနိုင်ပါတယ်။ ပိုက်လိုင်း ကွန်ရက် ရှိရင် တိုက်ရိုက် ဖြန့်ဖြူးနိုင်ပြီး အဆင်ပြေပါတယ်။
သယ်ယူပို့ဆောင်ရေး (Transportation)CNG (Compressed Natural Gas) နဲ့ LNG (Liquefied Natural Gas) အဖြစ် ပြောင်းလဲပြီး ကားများ၊ ဘတ်စ်ကား၊ ကုန်တင်ယာဉ်တွေ အတွက် လောင်စာ အဖြစ် သုံးနိုင်ပါတယ်။ ဒီဇယ် နဲ့ နှိုင်းရင် ညစ်ညမ်းမှု နည်းပါတယ်။
တင်ပို့ရောင်းချရေး နဲ့ နိုင်ငံတကာ ဈေးကွက် (LNG Export)သဘာဝဓာတ်ငွေ့ကို အအေးခဲ (LNG) အဖြစ် ပြောင်းလဲပြီး တင်ပို့နိုင်ပါတယ်။ ဒါဟာ နိုင်ငံခြားငွေ ဝင်ငွေ အများဆုံး ရရှိနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
အိန္ဒိယ၊ ထိုင်း၊ တရုတ် စတဲ့ အိမ်နီးချင်း နိုင်ငံတွေ အတွက် အဓိက တင်ပို့နိုင်ပါတယ်။
လျှပ်စစ်နဲ့ စက်မှု ကဏ္ဍတွေမှာ အသုံးပြုရင် စီးပွားရေး အကျိုးအမြတ် အများဆုံး ရရှိနိုင်ပါတယ်။ ကျောက်မီးသွေး နဲ့ နှိုင်းရင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု နည်းပါတယ်။ သို့သော် ရေရှည်တည်တံ့ရေး အတွက် ပြန်လည်ပြည့်ဖြိုးနိုင်တဲ့ စွမ်းအင်နဲ့ တွဲဖက်သုံးပြုရမှာ ဖြစ်ပါတယ်။ ၉၅ ထရီလီယံ ကုဗပေ ဆိုရင် ပြည်တွင်း လိုအပ်ချက် ဖြည့်ဆည်းရုံသာမက တင်ပို့ရောင်းချမှု၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှု နဲ့ အလုပ်အကိုင် ဖန်တီးရေးအတွက်ပါ ကြီးမားတဲ့ အခွင့်အလမ်း ဖြစ်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးဟာ ရေသယံဇာတပေါကြွယ်ဝတဲ့ တိုင်းဒေသကြီးဖြစ်ပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေ စဉ်ဆက်မပြတ် ထုတ်လုပ်နေတဲ့ တိုင်းဒေသကြီး ဖြစ်ပါတယ်။ ယခုအခါမှာတော့ အင်မတန်မှ များပြားလှတဲ့ သဘာဝဓာတ်ငွေ့သိုက်ဟာ သေချာမှု ၉၀ ရာခိုင်နှုန်းဖြစ်တဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျးစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
မြန်မာပြည်ကြီး ဖွံ့ဖြိုးတိုးတက်ပါစေ၊ မြန်မာ့မြေက မြန်မာတွေကို များစွာ အထောက်အကူပြုပေးနေတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကလည်း ပြည်ဖျက်မိစ္ဆာတွေရဲ့ စကားတွေကို နားယောင်ပြီး တိုင်းဖျက်၊ ပြည်ဖျက် မလုပ်ကြဘဲ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ ရှေးရှုကြမယ်ဆိုရင် ကမ္ဘာ့ရှေ့တန်းမျက်နှာစာကို ရောက်ရှိလာမှာ မလွဲဧကန်ပင် ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment