ပေါင်၊ ဇွန် ၃၀
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ DEMU မီးရထား စတင်ဖြတ်သန်းပြေးဆွဲမည်ဖြစ်သောကြောင့် ကျေးရွာချင်းဆက်လမ်းများတွင် ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်များနှင့် မီးရထားမောင်းတံဂိတ်များ ဆောင်ရွက်ထားမှုအား ယနေ့ညနေပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းကုန်းရွာ(အမှိုက်ကန်အဝင်လမ်း)၊ဇင်းကျိုက်ရပ်ကွက်(ဘီအိုစီလမ်း)၊ကဒုံစီးရပ်ကွက်(ကမ်းနားလမ်း)၊ကဒါရက်ကွက်(မဂ္ဂင်လမ်း)၊ပေါင်းရပ်ကွက်(ထန်းတောအထွက်လမ်း)နှင့် ပေါင်းရပ်ကွက် (ဘုရားကြီးလမ်း)တို့တွင် ရပ်၊ကြည့်၊သွား ဆိုင်းဘုတ်များအားလည်းကောင်း၊နတ်ကြီးချောင်-ဥက္ကံ ကျေးရွာချင်းဆက်လမ်းနှင့် ကျခတ်ငူ-ဇရိုး ကျေးရွာချင်းဆက်လမ်းတို့တွင် မောင်းတံဂိတ်တံခါးများဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
မွန်မလေး
#MNP #News




No comments:
Post a Comment