ဇွန် - ၃၀ ( အင်္ဂါနေ့ )
ဗင်နီဇွဲလားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီပေးဖို့ အပြေးအလွှား သွားရောက်ခဲ့တဲ့ အိန္ဒိယ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ဟာ မြို့တော်မှာ စခန်းချပြီး ကွင်းဆင်းဆေးရုံ တစ်ခုကို စတင်ဖွင့်လှစ် လည်ပတ်နေပြီ ဖြစ်ပါတယ်။
အိန္ဒိယသံရုံးရဲ့ ပြောကြားချက်အရ အဲဒီ ဆေးကုသရေးအဖွဲ့ကို ကာရာကပ်စ် မြို့တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ လာ ရင်ကိုနာဒါ မြင်းပြိုင်ကွင်းမှာ အခြေစိုက် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အပတ်က ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်အမွှာတစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၁,၄၅၀ ဦး သေဆုံးခဲ့ရပြီး၊ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အချိန်နဲ့လုပြီး လုပ်ဆောင်နေကြရပါတယ်။
အခု "Operation Amistad" လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးမှာ အိန္ဒိယလေတပ်ရဲ့ C-17 Globemaster III လေယာဉ်ကြီး နှစ်စီးနဲ့ စစ်တပ်ကွင်းဆင်းဆေးရုံ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၃၅ တန်ကျော် (စုစုပေါင်း ကူညီထောက်ပံ့ရေးပစ္စည်း ၆၆ တန်) ကို ကာရာကပ်စ်မြို့ဆီ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီထောက်ပံ့ရေးပစ္စည်းတွေထဲမှာ BHISHM cubes လို့ခေါ်တဲ့ သေတ္တာနှစ်လုံးလည်း ပါဝင်ပါတယ်။ ဒါဟာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာရင် အရေးပေါ် အမြန်ဆုံး တုံ့ပြန်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ခေတ်မီဆန်းသစ်တဲ့ စုပေါင်းစပ်ဖွဲ့သုံး ကွင်းဆင်းဆေးရုံနဲ့ ထိခိုက်ဒဏ်ရာ အရေးပေါ်ကုသရေးစနစ် ဖြစ်ပြီး၊ လူပေါင်း ၂၀၀ အထိ ကုသပေးနိုင်တဲ့ မရှိမဖြစ် ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာတွေ ပါဝင်ပါတယ်။ ဒီအရေးပေါ်ဆေးသေတ္တာကြီး တွေကို အရင်တုန်းကလည်း ယူကရိန်း၊ ဂျမေကာနဲ့ တခြား သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ နေရာတွေဆီ ပို့ဆောင်ကူညီပေးခဲ့ဖူးတယ်လို့ သိရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment