မုံရွာ၊ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းစက်မှုဇုန်ရှိ တစ်ရက်လျှင် တန် ၅၀၀၀၀ ကျော် ကြိတ်ခွဲထုတ်လုပ်နေသည့် “ဂရိတ်ယူနတီ” အော်ဂဲနစ် ကွန်ပေါင်းဓာတ်မြေဩဇာစက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ကွန်ပေါင်းဓာတ်မြေဩဇာများ ကြိက်ခွဲထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်နှင့် ထုတ်ပိုးနေမှုလုပ်ငန်းများအား လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကွန်ပေါင်းဓာတ်မြေဩဇာများ အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်သွားရေးနှင့် ဈေးကွက်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ အသုံးပြုနိုင်အောင် ဖြန့်ဖြူးရောင်းချသွားရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား တာဝန်ရှိသူများထံ မှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ “ကျင်းရှင်း” နည်းပညာကုမ္ပဏီသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ကွန်ပျူတာနှင့် ဖုန်း ဆက်စပ်လျှပ်စစ်ကြိုးများ ထုတ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MNP #News


No comments:
Post a Comment