ဇွန် - ၂၇ ( စနေနေ့ )
ပေါ့ပါးတဲ့ လေယာဉ်ငယ်တစ်စီးဟာ ပေကျင်းမြို့မှာရှိတဲ့ အထပ် ၁၀၉ ထပ်ပါ CITIC တာဝါစီးတီးကို ဝင်တိုက်မိခဲ့လို့၊ အဲဒီမြို့ရဲ့ အမြင့်ဆုံး မိုးပျံတိုက်ကြီးပေါ်က လူတွေအကုန် အရေးပေါ် စွန့်ခွာခဲ့ကြရပါတယ်။
အမြင့် ၅၂၈ မီတာ (၁,၇၃၂ ပေ) ရှိပြီး "China Zun" လို့လည်း လူသိများတဲ့ အဒီတိုက်ကြီးဟာ ပေကျင်းမြို့ရဲ့ အချက်အချာကျတဲ့ စီးပွားရေးဇုန် (CBD) မှာ အထင်ကရအဖြစ်ဆုံး အဆောက်အအုံကြီးလည်း ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေအရ... သောကြာနေ့ ညနေပိုင်း ဒေသစံတော်ချိန် ၅ နာရီ ၄၀ မိနစ်လောက်မှာ အဲဒီလေယာဉ်ငယ်ဟာ အဆောက်အအုံရဲ့ အပေါ်ဘက်ပိုင်းကို ဝင်တိုက်မိခဲ့ပြီးနောက်၊ လေယာဉ်အပိုင်းအစတွေ အောက်ကို ပြုတ်ကျလာတာကို မြင်တွေ့ရပါတယ်။
ရိုက်တာသတင်းဌာနကတော့ ဒီတိုက်မိမှုကြောင့် တာဝါတိုက်ကြီးရဲ့ အပေါ်ထပ်တစ်ခုက မှန်ချပ်နှစ်ချပ် ကွဲအက်သွားခဲ့တယ်လို့ သိရပါတယ်။ တရုတ်အာဏာပိုင်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် သေဆုံးသူ ဘယ်နှစ်ယောက်ရှိလဲဆိုတာနဲ့ ဒီလေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို အခုထိ တရားဝင် အတည်ပြု ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဒီဖြစ်စဉ်ဖြစ်ပွားပြီးပြီးချင်းမှာပဲ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းရောက်ရှိလာခဲ့ပြီး၊ တာဝါတိုက်ကြီးရဲ့ အနီးအနားမှာ လူနာတင်ယာဉ်တော်တော်များများကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကလည်း ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံးကို ပိတ်ဆို့လိုက်ပြီး စုပြုံကြည့်နေတဲ့လူတွေကို အဝေးကို ဖယ်ခိုင်းခဲ့ပါတယ်။
အဲဒီတာဝါတိုက်မှာ အလုပ်လုပ်တယ်လို့ပြောတဲ့ အမျိုးသမီးတစ်ယောက်ကလည်း သူတို့တွေ အလုအယက် အရေးပေါ်စွန့်ခွာခဲ့ရပုံကို သတင်းဌာနကို အခုလို ပြောပြခဲ့ပါတယ်။ "ကျွန်မဆိုရင် မှတ်ပုံတင်ရော၊ အိတ်ရော ဘာမှမယူနိုင်ဘဲ ဒီအတိုင်း အမြန်ပြေးထွက်လာခဲ့ရတာ" လို့ သူက ဆိုပါတယ်။ အာဏာပိုင်တွေဘက်ကတော့ လေယာဉ်ပေါ်ပါလာတဲ့သူတွေထဲက တစ်ယောက်ယောက်များ အသက်ရှင်ကျန်ရစ်လား၊ မရှိဘူးလားဆိုတာကို အခုထိ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
REF: RT
#MNP #News

No comments:
Post a Comment