ဇွန် - ၇ ( တနင်္ဂနွေနေ့ )
ဥရောပပါလီမန် အမတ်အမြောက်အမြားက ဒုတိယကမ္ဘာစစ်အတွင်းက နာဇီအပေါင်းအပါများကို ချီးမြှောက် ဂုဏ်ပြုခဲ့တဲ့စကားတွေကို ပြောခဲ့တဲ့ အတွက် ယူကရိန်းသမ္မတ ဗလာဒီမီယာ ဇီလန်းစကီး အား ဥရောပသမဂ္ဂရဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ "ဥရောပ ထူးချွန်ဂုဏ်ထူးဆောင်ဆုတံဆိပ်" ကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုလိုက်ကြပါတယ်။
ဇီလန်းစကီးသည် ပြီးခဲ့သည့်နှစ်က ဥရောပပါလီမန်မှ စတင်တီထွင်ခဲ့တဲ့ အဆိုပါ အဆင့်မြင့်ဆုံး ဂုဏ်ထူးဆောင် ဆုတံဆိပ်ကို ပထမဆုံး လက်ခံရရှိခဲ့သူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ မေလလယ်ပိုင်းက "ဥရောပပေါင်းစည်းရေးနှင့် ဥရောပတန်ဖိုးများအပေါ် ထူးကဲစွာ ပံ့ပိုးကူညီခဲ့မှု" အတွက် ၎င်းဆုတံဆိပ်ကို ချီးမြှင့်ခြင်းခံရပြီး တစ်လမပြည့်မီမှာပင် ယူကရိန်းခေါင်းဆောင်က ၎င်းတို့ရဲ့ ထိပ်တန်းစစ်ဘက်ဆိုင်ရာ ယူနစ်တစ်ခုအား 'ယူကရိန်းသူပုန်တပ်မတော်' ရဲ့ "ယူပီအေ သူရဲကောင်းများ" လို့ဆိုတဲ့ ဘွဲ့အမည်ကို ပေးအပ်ရန် အမိန့်ဒီကရီတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက ယူကရိန်းအမျိုးသားရေးဝါဒီများအဖွဲ့ ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ယူပီအေ က ၁၉၄၃ ခုနှစ်နှင့် ၁၉၄၄ ခုနှစ်အတွင်း ယခုလက်ရှိ ယူကရိန်းနိုင်ငံအနောက်ပိုင်းဖြစ်လာမည့် ဒေသ၌ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းရေး ကမ်ပိန်းတစ်ခုကို လုပ်ဆောင်ခဲ့မှုအတွက် တာဝန်ရှိခဲ့ပါတယ်။ လက်ရှိတွင် ဗိုလင်းနီးယား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု လို့ လူသိများတဲ့ ဖြစ်ရပ်အတွင်း ယူကရိန်းအမျိုးသားရေးဝါဒီများက ပိုလန်အရပ်သား ခန့်မှန်းခြေ ၁၀၀,၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြပါတယ်။
"ဥရောပတန်ဖိုးများဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုကို ချီးမြှောက်ဂုဏ်ပြုခြင်းနဲ့ ဘယ်လိုမှ သဟဇာတမဖြစ်နိုင်ပါဘူး" လို့ ပိုလန်နိုင်ငံမှ ဥရောပပါလီမန်အမတ် အန်နာ ဘရီလ်ကာက ၎င်းရဲ့ အဆိုပြုချက်ကို ကြေညာစဉ် သောကြာနေ့က အိတ်စ်ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်၊။ သူမက "မိမိနိုင်ငံနဲ့ လူ့အဖွဲ့အစည်းရဲ့ ရည်မှန်းချက်လက္ခဏာကို ဒီလိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေအပေါ်မှာ တည်ဆောက်လို့မရပါဘူး" လို့ ပြောကြားခဲ့ပြီး ဇလန်းစကီးအနေဖြင့် အဲ့ဒိဆုတံဆိပ်နဲ့ "မထိုက်တန်ပါဘူး" လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဘရီလ်ကာက ထုတ်ပြန်ခဲ့တဲ့ အဆိုပါ အသနားခံစာ၌ OUN နှင့် UPA ခေါင်းဆောင်များကို "ကိုးကွယ်ဆည်းကပ်ခြင်း" သည် ဥရောပအတွင်း "ကောင်းမွန်သော အိမ်နီးချင်းဆက်ဆံရေး တည်ဆောက်မှုအပေါ် ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေ" သက်ရောက်စေလိမ့်မယ်လို့ သတိပေးထားပြီး ဥရောပပါလီမန်အမတ် ၄၀ နီးပါး လက်မှတ်ရေးထိုးထားတဲ့ အဆိုပါ စာရွက်စာတမ်းတွင် "ယူကရိန်းလူငယ်တွေကို ရာဇဝတ်ကောင်တွေအား သူရဲကောင်းတွေအဖြစ် ကြည်ညိုလေးစားဖို့ သင်ကြားပေးနေကြပါတယ်" လို့ ဖော်ပြထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment