AYA TRI NATIONS CUP ကို မြန်မာအမျိုးသမီးအသင်း ရယူနိုင်မလား - Myanmar National Post

Myanmar National Post

News Agency

Breaking

AYA TRI NATIONS CUP ကို မြန်မာအမျိုးသမီးအသင်း ရယူနိုင်မလား






AYA TRI NATIONS CUP 2026 အဖွင့်ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းက ဥဇဘတ်ကစ္စတန်အသင်းကို တစ်ဂိုးတည်းနဲ့ ရှုံးလိုက်ရတဲ့ ဖြစ်ရပ်က ပရိတ်သတ်တွေကို စို့နင့်သွားစေခဲ့တာတော့ အမှန်ပါ။ တစ်ဂိုး ပေးခဲ့ရပြီး ခြေပဂိုးပြန်ရဖို့ အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ အစွမ်းကုန် ကြိုးစားခဲ့ပါသော်လည်း ဂိုးကံခေတယ်လို့ ပြောရပါမယ်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းမှာ ရုန်းအားကောင်းတဲ့ ကစားသမားတချို့ ကျန်းမာရေးအခြေအနေကြောင့် ပါဝင်လာခြင်း မရှိတဲ့အတွက်လည်း ပရိတ်သတ်ကို ရသပေးမှုအပိုင်းမှာ ဟာတာတာဖြစ်စေပါတယ်။ ယွန်းဝတီလှိုင် ရဲ့ ရုန်းကန်မှုနဲ့ ဖြတ်တင်ဘောတွေကနေ ဂိုးရယူပေးလေ့ ရှိပါတယ်။ ဒီပွဲမှာတော့ ယွန်းဝတီလှိုင် ပါဝင်နိုင်ခြင်း မရှိတာက တစ်ကြောင်း၊ လိုအပ်တဲ့အချိန်မှာ ဂိုးအရယူပေးနိုင်တဲ့ ဝင်းသိင်္ဂီထွန်း လို့ ကစားသမားမျိုး မပါနိုင်တာကတစ်ကြောင်း အသင်းကို အားပျော့စေခဲ့ပါတယ်။

လူငယ်ကစားသမားတွေထဲမှာလည်း ရုန်းအားကောင်းတဲ့သူ အတန်အသင့်ရှိတယ်လို့ ပြောနိုင်ပါတယ်။ သဘာပိုင်းအရတော့ လိုအပ်ချက်ရှိမှာပေါ့။ ဆန်းသော်သော် ကတော့ ဘာမှကို ပြောစရာမရှိအောင် အသင်းအတွက် အစွမ်းကုန်ရုန်းကန်ပေးနေဆဲ ကစားသမားဖြစ်ပါတယ်။ သူ့မှာလည်း ပွဲချိန်ပြည့် ရုန်းရတဲ့အခါကြတော့ အရေးကြီးလာတဲ့အချိန်မှာ ကန်ချက်တွေက အားပျော့နေတာမျိုး ဖြစ်တတ်ပါတယ်။

မြန်မာအသင်းဟာ နီပေါဖိတ်ခေါ်ဖလားကို ရခဲ့ဖူးတဲ့အသင်းဖြစ်သလို ထိုင်းအသင်းကို နိုင်ထားဖူးတဲ့ အစဉ်အလာလည်း ရှိပါတယ်။ 

AYA TRI NATIONS CUP 2026 နောက်ဆုံးပွဲစဉ်အနေနဲ့ မြန်မာအမျိုးသမီးအသင်းဟာ ၉-၆-၂၀၂၆ ရက်နေ့မှာ ထိုင်းအမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ထိုင်းအမျိုးသမီးအသင်းရဲ့ ခြေစွမ်းပိုင်းကို သုံးသပ်မယ်ဆိုရင် ဥဇဘတ်ကစ္စတန်နဲ့ ပွဲစဉ်မှာ ပွဲချိန်ပြည့် တိုက်စစ်ဆင်ကစားသွားတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ဥဇဘတ်ကစ္စတန်အသင်းက ကစားအားကျလာသည့်တိုင်အောင် ထိုင်းကတော့ ထိုးစစ်ဆင်မှုတွေ အဝေးကန်သွင်းချက်တွေနဲ့ ဦးဆောင်ဂိုးတွေ ရရှိဖို့ ဆက်တိုက်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ သော်လည်း တစ်ဂိုးတည်းသော အနိုင်ဂိုးနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

မြန်မာအမျိုးသမီးအသင်းအနေနဲ့ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်တဲ့အခါ ရုန်းအားကောင်းတဲ့ လူငယ်တွေနဲ့ အနိုင်ဂိုးရအောင် ယူပြီး နောက်ပိုင်းမှာ သဘာနဲ့ထိန်းကစားသွားမယ်ဆိုရင်တော့ ရလဒ်ကောင်းကို မျှော်လင့်လို့ ရနိုင်ပါတယ်။ အဓိက ဦးဆောင်ဂိုး မပေးရဖို့ နောက်တန်းမှာ အမှားအယွင်းနည်းတဲ့ ကစားသမားတွေနဲ့ ကာကွယ်ထားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းရဲ့ နောက်တန်းလူတွေကတော့ မာကျောပြီးဖြစ်လို့ အထူးပြောဖို့တော့ မလိုပါဘူး။ ရှေ့တန်းကို ပေးပို့နိုင်မှု၊ လိုက်ပါတိုက်စစ်ဆင်နိုင်မှုအပိုင်းမှာ အားနည်းခဲ့မယ်ဆိုရင်တော့ ဖလားကို လက်လွှတ်ရနိုင်ပါတယ်။

တိုက်ပွဲဝင်စိတ်အပြည့်ထားပြီး ဒီဖလားတော့ အိမ်ရှင်အနေနဲ့ ဘယ်လိုမှ လက်လွတ်လို့ မဖြစ်ဘူးဆိုတဲ့ စိတ်ပိုင်းဖြတ်မျိုးနဲ့ အပြင်းအထန် တိုက်ပွဲဝင်သွားမယ်ဆိုရင်ဖြင့် AYA TRI NATIONS CUP 2026 ဟာ မြန်မာအမျိုးသမီးအသင်းအတွက် ထိုက်တန်တဲ့ ဆုလာဘ်ဖြစ်ပါလိမ့်မယ်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)