ပခုက္ကူ၊ ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၃၂)ကြိမ်မြောက် သာသနာတော်ဆိုင်ရာ အစိုးရနိကာယ်စာမေးပွဲများကို အမှတ်(၁၅) ရပ်ကွက်၊ မြို့မလမ်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
အဆိုပါအစိုးရနိကာယ်စာမေးပွဲကို မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများ၏ကြီး ကြပ်မူဖြင့် ၂၀၂၆ခုနှစ်၊ ဇွန်လ၅ရက်မှ၉ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ကြွရောက်ဖြေဆိုသူ သံဃာတော်၊သီလရှင် စုစုပေါင်း (၁၀၁)ပါးရှိကြောင်း၊ စာမေးပွဲကျင်းပနေစဉ်ကာလအတွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အလှူရှင်များက ကြီးကြပ်ရေးဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်၊ သီလရှင်များအား အာဟာရအားဖြည့်အချိုရည်နှင့်ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းပေးခဲ့လျက်ရှိကြောင်း ခရိုင်သာသနာရေးမှူး ဦးကျင်ရွှေထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News





No comments:
Post a Comment