မြန်မာ့မီးရထား က အထူးအသိပေးကြေညာချက် အနေဖြင့် ရထားများပေါ်တွင် တရားမဝင် မှောင်ခိုနှင့် အခွန်ရှောင်ပစ္စည်းများ သယ်ဆောင်ခြင်းကို တင်းကျပ်စွာ တားမြစ်ခြင်း အသိပေးကြေညာချက်ကို ၂၇-၆-၂၀၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။
မြန်မာ့မီးရထား၏ ခရီးစဉ်အသီးသီးတွင် ပြေးဆွဲနေသော ခရီးသည်တင်ရထားများသည် ပြည်သူများ သက်တောင့်သက်သာနှင့် ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရန် အဓိကရည်ရွယ် ပြေးဆွဲပေးနေခြင်း ဖြစ်ကြောင်း၊ အများပြည်သူ၏ ခရီးစဉ်ကို နှောင့်နှေးကြန့်ကြာမှု မရှိစေရန်နှင့် ဥပဒေနှင့်အညီ ဖြစ်စေရန်အတွက် တရားမဝင် မှောင်ခိုကုန်ပစ္စည်းများ သယ်ဆောင်ခြင်း၊ အကောက်ခွန် ရှင်းလင်းထားခြင်းမရှိသော အခွန်ရှောင်ပစ္စည်းများ၊ စီးပွားရေးအရ ရောင်းဝယ်ဖောက်ကားမည့် ကုန်စည်အမြောက်အမြားကို လူစီးတွဲများပေါ်တွင် တင်ဆောင်ခြင်း အား တားမြစ်ထားသည်။
ခရီးစဉ်တစ်လျှောက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့အစည်းများမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ (Surprise Checks) ပြုလုပ်သွားမည်ဖြစ်ပြီး တားမြစ်ထားသော ကုန်ပစ္စည်းများ သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိပါက ပစ္စည်းများ သိမ်းဆည်းခံရမည့်အပြင် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူခံရမည် ဖြစ်ကြောင်း ကြိုတင်အသိပေး ထုတ်ပြန်ထားသည်။
ခရီးသွားမိဘပြည်သူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အသုံးအဆောင် ခရီးဆောင်အိတ်များကိုသာ သတ်မှတ်အလေးချိန်အတွင်း သယ်ဆောင်၍ ဘေးကင်းချောမွေ့သော ခရီးစဉ်ဖြစ်စေရေးအတွက် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ဖော်ပြထားသည်။
#MNP #News

No comments:
Post a Comment