အင်္ဂလန်မှာ ရွှေ့ပြောင်းတွေကြောင့် ရာဇဝတ်မှုတွေ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်္ဂလန်မှာ ရွှေ့ပြောင်းတွေကြောင့် ရာဇဝတ်မှုတွေ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်နေ


ဇွန် - ၂၈ ( တနင်္ဂနွေနေ့ ) 

လန်ဒန်မြို့မှာ လူအုပ်ထဲကို ကားတစ်စီးနဲ့ တိုက်မောင်းနှင်ခဲ့ပြီးနောက်၊ လူသတ်မှုမြောက်ရန် ကြံစည်မှု သံသယနဲ့ ဆိုမာလီယာဖွား ဗြိတိန်နိုင်ငံသား အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

စနေနေ့တုန်းက အီးလင်းဘရော့ဒ်ဝေး မှာ ဈေးဝယ်သူတွေကို ကားနဲ့ဝင်တိုက်ခဲ့တာကြောင့် လူ ၅ ဦး ဒဏ်ရာ ရရှိခဲ့ပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ ရဲတပ်ဖွဲ့  ရဲ့ ပြောပြချက်အရ ကားမောင်းသမားဟာ အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ပြေးသွားခဲ့ပေမယ့် မကြာခင်မှာပဲ အနီးနားမှာရှိတဲ့ ဂရန့်ဂျ်ပန်းခြံ ထဲမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ရဲပြောရေးဆိုခွင့်ရှိသူကတော့ "အသက် ၃၄ နှစ်အရွယ် ဆိုမာလီယာဖွား ဗြိတိန်နိုင်ငံသား ကားမောင်းသမားကို အန္တရာယ်ရှိအောင် ကားမောင်းနှင်မှု၊ လူသတ်မှုမြောက်ရန် ကြံစည်မှု သံသယတွေနဲ့ ဖမ်းဆီးထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က "စုံစမ်းစစ်ဆေးရေးမှူးတွေအနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဘယ်လိုနောက်ခံအကြောင်းအရင်းမျိုးကိုမဆို ဘက်စုံတွေးတောပြီး ဆက်လက်စုံစမ်းနေကြပေမယ့်၊ အခုဖြစ်စဉ်ကို အကြမ်းဖက်မှုတစ်ခုအနေနဲ့တော့ သတ်မှတ် ကိုင်တွယ်နေတာမျိုး မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ နိုင်ငံထဲကို ရွှေ့ပြောင်းအခြေချသူတွေ ဝင်ရောက်လာမယ့် ပမာဏနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ငြင်းခုံနေကြတဲ့အချိန်၊ ရွှေ့ပြောင်းနေထိုင်သူတွေ ပါဝင်ပတ်သက်နေတဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေကြောင့် အခြေအတင် ဖြစ်နေကြတဲ့အချိန်မှာ ပေါ်ပေါက်လာခဲ့တာပါ။

ပြီးခဲ့တဲ့လအစောပိုင်းတုန်းကလည်း ဘဲလ်ဖတ်စ်မြို့လမ်းမပေါ်မှာ ဆူဒန်နိုင်ငံသား ခိုလှုံခွင့်တောင်းခံသူတစ်ဦးက အမျိုးသားတစ်ယောက်ကို ဓားနဲ့တိုက်ခိုက်ခဲ့လို့ တရားစွဲဆိုခံခဲ့ရပါသေးတယ်။ ဗီဒီယိုမှတ်တမ်းထဲမှာ ပါသွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကြောင့် မြောက်အိုင်ယာလန်မြို့တော်မှာ ဆန္ဒပြပွဲတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်းအကြာမှာပဲ ဘရိုင်ယာဖီးလ်မြို့မှာ ပါကစ္စတန်နွယ်ဖွား ဗြိတိန်နိုင်ငံသား အမျိုးသားတစ်ဦးက အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဓားနဲ့ထိုးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)