ကျိုက်ထိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၁၂၃)ဦးရှိပြီး အောင်မြင်သူ (၅၆၉)ဦးရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၁၂၃)ဦးရှိပြီး အောင်မြင်သူ (၅၆၉)ဦးရှိ




ကျိုက်ထို၊ ဇွန်  ၂၈

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက် ၄ နာရီမှစတင်၍ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ထားခဲ့ရာ ကျိုက်ထိုမြို့နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ(၁၂၃)ဦးရှိပြီး အောင်မြင်သူ (၅၆၉)ဦး  ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက‌(၁)ကျိုက်ထို၊အထက(၂)ကျိုက်ထို ၊အထက(သိမ်ဇရပ်) စာစစ်ဌာန(၃)ခုတို့၌ ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း (၉၆၅) ဦး ရှိပြီး  (၅၆၉) ဦး အောင်မြင်ကြောင်း၊ အောင်မြင်သူများအနက် ၅ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ ၃ဘာသာဂုဏ်ထူးရှင် (၁၇)ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် (၂၃) ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၇၁)ဦး၊  စုစုပေါင်း ဂုဏ်ထူးရရှိသူ (၁၂၃) ဦးရှိပြီး မြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၅၈.၉၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ပြည့်ဖြိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)