လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ


နေပြည်တော်၊ ဇွန် ၁၆

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟို ကော်မတီနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက် သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က “လူငယ်နှင့်အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေးခေါင်းစဉ်” ဖြင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ လူငယ်ရေးရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စွန့်ဦးတီထွင်လုပ်ငန်းရှင် လူငယ်ကိုယ်စားလှယ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားကာ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများနှင့် အလှူငွေကျပ် (၁၀) သိန်း၊ နေပြည်တော်စွန့်ဦးတီထွင်လုပ်ငန်းရှင် လူငယ်ကိုယ်စားလှယ်အား ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။

ယင်းနောက် နေပြည်တော် စွန့်ဦးတီထွင်လုပ်ငန်းရှင်လူငယ်ကိုယ်စားလှယ် ဦးအောင်မျိုးသန့်က “လူငယ်နှင့်အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးရေးခေါင်းစဉ်” ဖြင့် ဟောပြောပြီး နေပြည်တော် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးက ဉာဏ်စမ်းပဟေဠိများ မေးမြန်း၍ မှန်ကန်စွာဖြေဆို နိုင်သည့် ကျောင်းသား ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)