ယူကေမှာ ပြည်တွင်းစစ်ဖြစ်သွားမယ်လို့ သတိပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကေမှာ ပြည်တွင်းစစ်ဖြစ်သွားမယ်လို့ သတိပေး


ဇွန် - ၆ ( စနေနေ့ ) 

ကွန်ဆာဗေးတစ် (အလုပ်အမှုဆောင်) ပါတီခေါင်းဆောင် ကေမီ ဘာဒီနော့ခ် က ဗြိတိန်နိုင်ငံရေးသမားများ အနေဖြင့် ရှိရင်းစွဲ လူမျိုးရေးကွဲပြားမှုများအပေါ် အမြတ်ထုတ်ကာ အမှတ်ယူရန် ကြိုးပမ်းနေကြခြင်းအား ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပြီး၊ ယင်းလုပ်ရပ်များသည် တိုင်းပြည်ကို "ပြည်တွင်းစစ်" ဆီသို့ ဦးတည်သွားစေနိုင်တဲ့ အန္တရာယ်ရှိကြောင်း သတိပေးလိုက်ပါတယ်။ 

သောကြာနေ့က ထုတ်လွှင့်ခဲ့သည့် ဘီဘီစီသတင်းဌာန နဲ့ အင်တာဗျူးတွင် ဘာဒီနော့ခ်က အသက် ၂၃ နှစ်အရွယ် ဆစ်ခ်ဘာသာဝင် ဗစ်ခရမ် ဒစ်ဂ်ဝါ ရဲ့ဓားဖြင့် ၅ ချက်ထိုးသတ်ခြင်းကို ခံခဲ့ရတဲ့ ပိုလန်-ဗြိတိန် ကပြား တက္ကသိုလ် ကျောင်းသား အသက် ၁၈ နှစ်အရွယ် ဟင်နရီ နိုဗက်ခ် အသတ်ခံရမှု ဖြစ်စဉ်အပေါ် နိုင်ငံရေး သမားတွေက သာမန်လူသတ်မှု တစ်ခုကို ချဲ့ထွင်ပြီး လူမျိုးရေး နဲ့ နိုင်ငံရေး အဓိကရုဏ်း ဖြစ်အောင် ပြောဟောလှုံ့ဆော်မှုများ အပေါ် တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ 

အဲ့ဒိဖြစ်စဉ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ဆောက်သမ်တန်မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း မကြာသေးမီကမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးအာရုံစိုက်ခြင်း ခံလာရခြင်း ဖြစ်ပါတယ်။  

အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ဒစ်ဂ်ဝါ က သူသည် လူမျိုးရေးခွဲခြားစော်ကားမှုရဲ့ သားကောင်ဖြစ်ခဲ့ရတယ်လို့ မဟုတ်မမှန် လုပ်ကြံပြောဆိုခဲ့ရာ ရဲတပ်ဖွဲ့ကလည်း အစပိုင်းတွင် သူ၏ပြောပြချက်ကို ယုံကြည်ခဲ့ကြပါတယ်။ ပြစ်ဒဏ်စီရင်ပြီးနောက် ထွက်ပေါ်လာတဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုယ်ပေါ်ကင်မရာ (ဘော်ဒီကမ် ) မှတ်တမ်းဗီဒီယိုအရ ဟင်နရီ နိုဗက်ခ်က မိမိဓားဖြင့် အထိုးခံထားရကြောင်းနှင့် အသက်ရှူရခက်ခဲနေကြောင်း ထပ်ခါတလဲလဲ ပြောဆိုနေသည့်တိုင်အောင် ရဲတပ်ဖွဲ့ဝင်များက သေလုမြောပါးဖြစ်နေသော ထိုကျောင်းသားကို လက်ထိပ်ခတ်နေခဲ့ကြတာကို တွေ့ရှိရခဲ့ပါတယ်။ 

ဒစ်ဂ်ဝါ က လူသတ်မှုဖြင့် ပြစ်ဒဏ်ထင်ရှားစီရင်ခြင်းခံရပြီး အနည်းဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂၁ နှစ်အပါအဝင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသော်လည်း၊ ယင်းဖြစ်စဉ်၏ နောက်ဆက်တွဲဂယက်ကြောင့် ဗြိတိန်တွင် ကျယ်ကျယ်ပြန့်ပြန့် မကျေနပ်မှုများ၊ ဆန္ဒပြမှုများနှင့် ရဲတပ်ဖွဲ့ရဲ့ စံနှုန်းအမှား နဲ့  လူဖြူများအပေါ် ခွဲခြားဆက်ဆံမှု စသည့် စွပ်စွဲချက်များဖြင့် ဆူပူထကြွလာခဲ့ပါတယ်။ 

ဗြိတိန်ရဲ့ မဟာမိတ်ဖြစ်သော အမေရိကန်ပြည်ထောင်စုထံမှလည်း ကန့်ကွက်ရှုတ်ချမှုများ ထွက်ပေါ်လာခဲ့ပြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက "အယူဝါဒပိုင်းဆိုင်ရာ ပုံသွင်းမှုများနှင့် ရဲတပ်ဖွဲ့ရဲ့ နှစ်ခွစံနှုန်းဖြင့် ကိုင်တွယ်မှုများသည် လူ့အဖွဲ့အစည်း ယဉ်ကျေးမှု နိမ့်ဆင်းပျက်သုဉ်းလာခြင်း၏ ထင်ရှားသော လက္ခဏာများဖြစ်တယ်” လို့  သတိပေးပြောကြားခဲ့ပါတယ်။ 

ဗြိတိန်နိုင်ငံသည် "လူမျိုးရေးခွဲခြားတတ်သော နိုင်ငံတစ်ခု မဟုတ်ပါ" လို့ ဘာဒီနော့ခ်က အခိုင်အမာ ပြောဆိုခဲ့သော်လည်း၊ "လက်ရှိတွင် အင်္ဂလိပ်လူမျိုးဖြစ်စေ၊ အခြားလူမျိုးဖြစ်စေ၊ လူမျိုးစုတိုင်းအပေါ် ရန်လိုမုန်းတီးမှုများ ပိုမိုမြင့်တက်လာနေသည်ကို မြင်တွေ့နေရတယ်" လို့ ၎င်းက ဝန်ခံပြောကြားခဲ့ပါတယ်။ 

ပဋိပက္ခများကို အမှန်တကယ် ဖြစ်ပွားစေတဲ့ တွန်းအားမှာ နိုင်ငံရေးသမားများက မဲရရှိရန်အတွက် လူမျိုးရေးကွဲပြားမှုများကို အသုံးချနေခြင်း နဲ့ ယခင်က ထိုကဲ့သို့သော ပြဿနာများ ကင်းဝေးခဲ့တဲ့ လူ့အဖွဲ့အစည်းများအတွင်းသို့ ဤပဋိပက္ခများကို ရည်ရွယ်ချက်ရှိရှိ ယူဆောင်လာနေခြင်းကြောင့်သာဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ "ဒီလိုလုပ်ရပ်မျိုး လုပ်ဆောင်တဲ့ ပါတီတွေ၊ နိုင်ငံရေးသမားတွေဟာ ရေတိုမှာတော့ အကျိုးအမြတ် ရနိုင်ကောင်းရပါလိမ့်မယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ဒါဟာ ခင်ဗျားတို့ကို ပြည်တွင်းစစ်ဆီပဲ ဆိုက်ရောက်သွားစေလိမ့်မယ်" လို့ ဘာဒီနော့ခ်က သတိပေးခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)