ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ ထိရောက်မှုမရှိပါဘူး လို့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ အကျိုးဆောင်အဖွဲ့ အကြီးအကဲက ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ ထိရောက်မှုမရှိပါဘူး လို့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ အကျိုးဆောင်အဖွဲ့ အကြီးအကဲက ဆို


ဇွန် - ၆ ( စနေနေ့ ) 

ရုရှားနိုင်ငံအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ချမှတ်ခြင်းက ယူကရိန်းပဋိပက္ခကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေမှာ မဟုတ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း ရဲ့ ဥက္ကဋ္ဌ နဲ့  အမှုဆောင်အရာရှိချုပ် ဖြစ်သူ ရောဘတ် အေဂီ က ပြောကြားလိုက်ပါတယ်။ 

ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် ၂၀၂၆ (SPIEF 2026) ရဲ့ ဘေးဘက် ဆွေးနွေးပွဲတစ်ခုတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား - ယူကရိန်း ပဋိပက္ခ စတင်အရှိန်မြင့်လာခဲ့တဲ့ အချိန်မှစ၍ လွန်ခဲ့သော ၄ နှစ်တာကာလအတွင်းပြုလုပ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုများ က တစ်စုံတစ်ရာ ရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိကြောင်းနဲ့ နောက်ထပ် ချမှတ်မည့် ပိတ်ဆို့မှုများသည်လည်း အလားတူပင် ထိရောက်မှုရှိလိမ့်မည် မဟုတ်ကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ 

အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများနှင့် ဆက်စပ်နေသည့် ကုန်စည်ထောက်ပံ့မှု ပြတ်တောက်မှုများကြားတွင် လွန်ခဲ့သည့်လက သက်တမ်းတိုးပေးခဲ့တဲ့ ရုရှားရေနံအပေါ် ကင်းလွတ်ခွင့်များကို အမေရိကန်အစိုးရအနေနဲ့ ပြန်လည်ရုပ်သိမ်းနိုင်ပြီး၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို က အရိပ်အမြွက် ပြောကြားခဲ့ပြီးနောက် အေဂီ က အခုလိုပဲ ပြန်လည်တုံ့ပြန်လိုက်တာပါ။ 

 ယခုသီတင်းပတ်အစောပိုင်းက ပြုလုပ်ခဲ့သည့် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲတစ်ခု တွင် ထရမ့်အစိုးရအဖွဲ့အနေဖြင့် အဘယ်ကြောင့် ယင်းကင်းလွတ်ခွင့်များကို ခွင့်ပြုပေးခဲ့သနည်းဆိုတဲ့ အချက်နဲ့ ဂရေဟမ်-ဘလူးမန်းသဲလ် ဥပဒေကြမ်းကို အဘယ်ကြောင့် ယနေ့ထက်တိုင် ထောက်ခံခြင်းမပြုသေးသနည်း ဟူသော မေးခွန်းများဖြင့် ရူဘီယိုကို ဖိအားပေးမေးမြန်းခြင်း ခံခဲ့ရပါတယ်။ 

ရုရှားအပေါ် သဘောထားတင်းမာသူ လင်ဆေး ဂရေဟမ် က အဓိကတွန်းအားပေးနေတဲ့ ၎င်းဥပဒေကြမ်းသည် ရုရှားထံမှ ရေနံ၊ သဘာဝဓာတ်ငွေ့ သို့မဟုတ် ယူရေနီယံတို့ကို ဝယ်ယူသည့် နိုင်ငံများမှ တင်သွင်းလာသော ကုန်စည်များအပေါ် သွင်းကုန်ခွန် ၅၀၀ ရာခိုင်နှုန်းအထိ စည်းကြပ်ရန် သမ္မတ ဒေါ်နယ်ထရမ့်ကို လုပ်ပိုင်ခွင့် ပေးအပ်ရန်အတွက် ဖြစ်ပါတယ်။ 

ရူဘီယိုကမူ ယင်းကင်းလွတ်ခွင့်များသည် "အချိန်ကာလ ကန့်သတ်ချက်ရှိတယ်" လို့ အခိုင်အမာ ပြောဆိုခဲ့ပြီး၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်းနှင့် ပိတ်ဆို့အရေးယူမှု အသစ်များ ချမှတ်နိုင်ရေးအတွက် အိမ်ဖြူတော်အနေဖြင့် ဂရေဟမ်ရဲ့ရုံးခန်းနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 

အေဂီ ကတော့ မိမိအနေဖြင့် ရူဘီယို ရဲ့ နောက်ဆုံးပြောကြားချက်များကို မကြားသိရသေးကြောင်း ပြောဆိုခဲ့သော်လည်း၊ အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) အနေဖြင့် "ပိတ်ဆို့အရေးယူမှုများကို ထောက်ခံအားပေးခြင်း မရှိပါ" လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ 

"လက်ရှိအစိုးရရဲ့ ရည်ရွယ်ချက်က အခုဖြစ်ပွားနေတဲ့ ပဋိပက္ခကို ငြိမ်းချမ်းတဲ့ရလဒ်တစ်ခု ထွက်ပေါ်လာအောင် လုပ်ဖို့ဆိုရင် ပိတ်ဆို့အရေးယူမှုတွေဟာ ထိရောက်မှုရှိတယ်လို့ ကျွန်တော်မထင်ပါဘူး" ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲပါတယ်။ "ဒါဟာ လွန်ခဲ့တဲ့ ၄ နှစ်လုံးလုံး မအောင်မြင်ခဲ့သလို၊ ၅ နှစ်မြောက်မှာလည်း အောင်မြင်လာမှာ မဟုတ်ပါဘူး... ဒီအခြေအနေထဲကို ပိတ်ဆို့အရေးယူမှုတွေ ထပ်ပြီးတိုးမြှင့်ထည့်သွင်းနေတာဟာ ဘာမှအထောက်အကူ ဖြစ်လာမှာမဟုတ်ပါဘူး။

"ပိတ်ဆို့အရေးယူမှုတွေအပေါ်မှာ နောက်ထပ် ပိတ်ဆို့မှုတွေ ထပ်ဆင့်ပုံချနေတာ" မျိုးထက်၊ တွေ့ဆုံဆွေးနွေးမှုများနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန်အတွက်သာ အလေးထား အားထုတ်သင့်ကြောင်း အေဂီက ထောက်ပြပြောဆိုခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)