ထရမ့်က ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်နေတယ်လို့ မယ်လိုနီ ဝေဖန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်က ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်နေတယ်လို့ မယ်လိုနီ ဝေဖန်


ဇွန် - ၂၁ ( တနင်္ဂနွေနေ့ ) 

အီရန်- အမေရိကန် စစ်ပွဲမှာ အမေရိကန်ဘက်ကနေကူတိုက်ပေးဖို့  ငြင်းဆန်ခဲ့ပြီးနောက်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီ က ထရမ့်အနေနဲ့ "လူထုထောက်ခံမှုနှုန်းထားများ မြင့်တက်လာစေရန်" မိမိနဲ့ ဓာတ်ပုံတွဲရိုက်ခွင့် ရရှိဖို့ ကြိုးပမ်းခဲ့တာပါလို့ ပြောကြားချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မယ်လိုနီက သူနဲ့ဓာတ်ပုံတွဲရိုက်ဖို့ ကြိုးစားခဲ့တာပါလို့ ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါတယ်။ 

အဲ့ဒိလို အပြန်အလှန် တုံ့ပြန်ပြောဆိုမှုများက ပြီးခဲ့တဲ့ သောကြာနေ့က အီတလီရုပ်သံလွှင့်ဌာန La7 နဲ့ ပြုလုပ်ခဲ့သော ဖုန်းအင်တာဗျူးတစ်ခုတွင် ထရမ့်ရဲ့ ပြောကြားချက်များကြောင့် စတင်ဖြစ်ပွားခဲ့တာပါ။ ထိုအင်တာဗျူးတွင် ပြင်သစ်နိုင်ငံ၊ အီဗီယန်မြို့၌ ပြုလုပ်ခဲ့သော G7 ထိပ်သီးအစည်းအဝေးအတွင်း မီလိုနီက သူမနှင့် ဓာတ်ပုံရိုက်ပေးရန် မိမိအား "အသနားခံခဲ့" ကြောင်းနဲ့ မိမိဘက်ကလည်း "သနား၍" သဘောတူခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ 

အီတလီဝန်ကြီးချုပ်က ထိုပြောဆိုချက်ကို "လုံးဝ လုပ်ကြံဖန်တီးထားခြင်း" ဖြစ်တယ်လို့ ပယ်ချခဲ့ပေမဲ့ ထရမ့်က စနေနေ့တွင် ၎င်းရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာ၌ မီလိုနီသည် မိမိနှင့် ဓာတ်ပုံရိုက်ရန် "အကြိမ်ကြိမ် ထပ်ခါတလဲလဲ" တောင်းဆိုခဲ့ကြောင်း ထပ်လောင်းအတည်ပြု ရေးသားခဲ့ပါတယ်။ 

ထရမ့်က “သူမဟာ အမေရိကန်ပြည်ထောင်စုကို ငြင်းပယ်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ အီတလီနိုင်ငံမှာ သူမရဲ့ လူထုထောက်ခံမှုနှုန်းဟာ ကျဆင်းနေပါတယ်။” ဟု ရေးသားခဲ့ပြီး၊ ရောမအစိုးရအနေဖြင့် ဝါရှင်တန်အပေါ် “ထောက်ပံ့ပို့ဆောင်ရေးပိုင်းဆိုင်ရာ ကြီးမားတဲ့ အဆင်မပြေမှုတွေ” ဖြစ်စေခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ၎င်းက “အခုတော့ အမေရိကန်က အီရန်ကို စစ်ရေးအရ အနိုင်ယူပြီးတဲ့နောက်မှာ၊ သူမက သူမရဲ့ ‘လူထုထောက်ခံမှုနှုန်းတွေ တက်လာဖို့’ အတွက် မိတ်ဆွေပြန်လုပ်ချင်နေပါတယ်။ ကျေးဇူးပဲ၊ မလိုပါဘူး။” လို့လည်း ဆိုပါတယ်။ 

မီလိုနီကလည်း “ရှင်နဲ့ မိတ်ဆွေဖြစ်ရတာဟာ ကျွန်မအတွက် ဘာမှ အထောက်အကူမပြုခဲ့တာ အသေအချာပါပဲ” လို့ ပြန်လည်တုံ့ပြန်ခဲ့ပြီး၊ သူမရဲ့ ပြည်တွင်း၌ ရပ်တည်ချက်က “အီတလီနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်စွမ်း” အပေါ်တွင်သာ လုံးဝမူတည်နေကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

"အီတလီဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် ရှိနေဆဲပါ" လို့ မယ်လိုနီက အလေးအနက် ပြောကြားခဲ့ပြီး "ကျမရဲ့ လူထုထောက်ခံမှုနှုန်းဟာ ရှင့်အလုပ်မဟုတ်ပါဘူး။ ရှင့်ရဲ့ထောက်ခံမှုနှုန်းကိုပဲ ရှင်အာရုံစိုက်ဖို့ ကျမအကြံပြုချင်ပါတယ်" ဟု ထပ်လောင်းပြောဆိုခဲ့ပါတယ်။ 


REF: RT

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)