ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး မန္တလေးမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ၏ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး မန္တလေးမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ၏ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇွန် ၁

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် မေလ (၃၀)ရက်နေ့က မန္တလေးမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ၏ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေနှင့် မန္တလေးမြို့ ၂၇ လမ်း-၆၈ လမ်းထောင့်နှင့် မန္တလေးဘူတာကြီးတို့တွင် ဖွင့်လှစ်ထားသော သတင်းပြန်ကြားရေးကောင်တာများကို ကြည့်ရှုစစ်ဆေးသည်။

ယမန်နေ့ကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ အပေါ် ပြန်လည်ပြုပြင်ပြီးစီးသည့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး နှစ်ထပ်ရုံးအဆောက်အအုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ သက်သာချောင်ချိရေးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ချမ်းအေးသာစံမြို့နယ် မရမ်းခြံဆိပ်ကမ်း ၂၆ B လမ်းနှင့် မန္တလေးမြို့ပတ်လမ်း တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးရုံးနှင့် သတင်းပြန်ကြားရေး ကောင်တာအဖြစ် ယာယီဖွင့်လှစ်ထားသော သုံးထပ်ရုံးအဆောက်အအုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)