ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ် ကျောင်းသား/ကျောင်းသူ များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ် ကျောင်းသား/ကျောင်းသူ များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား





ပုဇွန်တောင်၊ ဇွန် ၁

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ဗိုလ်တ ထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ယခုနှစ်၌ နိုင်ငံတော်မှ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့်ကျောင်းဝတ်စုံများ(အခမဲ့)ထောက်ပံ့ပေးထားပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်း‌ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးကြပ်၍ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာကျောင်းများရှိ ကျောင်းအုပ်ဆရာမကြီးများ၊ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများက လိုအပ်သည်များ ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှလည်း ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဟန်စုယဉ်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)