ကျိုက်ထို၊ ဇွန် ၁
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့၊ ဇွန်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးသို့ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန် အေးချမ်းပျော်ရွှင်စွာ လာရောက်ကြသည်။
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ အခြေခံပညာကျောင်းပေါင်း (၁၄၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၄)ကျောင်း ကိုယ်ပိုင်ကျောင်း(၂)ကျောင်းတို့ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး
#MNP #News





No comments:
Post a Comment