ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်







ပဲခူး၊ ဇွန် ၈

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ ၈ ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တောင်ငူခရိုင်အတွင်းမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဒေသအဖြစ် ဆောင်ရွက် ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ အားကစားနှင့် ဒေသဖွံ့ဖြိုးရေး စသည့် ဘက်စုံကဏ္ဍစုံအား အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တောင်ငူခရိုင်အတွင်း ဆက်စပ်သည့်မြို့နယ်များအားလုံး Smart City, Clean City ဖြစ်စေရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကားလမ်း၊ ရထားလမ်း ဘေးဝဲယာ သစ်ပင်များစိုက်ပျိုး သွားရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရေး အသက်မွေးပညာ သင်တန်းများ ပိုမို ဖွင့်လှစ်ပေးသွားရန်ဖြစ်ကြောင်းနှင့် တောင်ငူဒေသအား ဘက်စုံကဏ္ဍစုံ အထူး ဖွံ့ဖြိုးတိုးတက်စေရေး တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

 ထို့နောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များက တောင်ငူဒေသအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းအကြံပြုတင်ပြခဲ့ကြသည်။ ၎င်း နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍ အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။

 ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် တောင်ငူဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များအပေါ် သုံးသပ်အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)