ဗြိတိန်ဘုရင်စနစ်ကို လူထုထောက်ခံမှု ကျဆင်းလာပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗြိတိန်ဘုရင်စနစ်ကို လူထုထောက်ခံမှု ကျဆင်းလာပြီ




ဇွန် - ၂၂ ( တနင်္လာနေ့ ) 

ဗြိတိန်ဘုရင်စနစ်အပေါ် ပြည်သူလူထုရဲ့ ထောက်ခံမှုက နှစ် ၃၀အတွင်းမှာ ထောက်ခံမှု အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကြောင်း စစ်တမ်းအသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။ ဗြိတိန်နိုင်ငံသား ထက်ဝက်နီးပါးခန့်က ဘုရင်စနစ်ကို ပယ်ဖျက်ရန် လိုလားနေကြဆဲဖြစ်ပြီး အထူးသဖြင့် လူငယ်ထုကြားတွင် ဘုရင်စနစ်အပေါ် ထောက်ခံမှုမှာ သိသိသာသာ အားနည်းနေပါတယ်။ 

သောကြာနေ့က Ipsos  သုတေသနဌာန က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်များအရ ဘုရင်စနစ်အပေါ် ထောက်ခံမှု သည် ၂၀၁၂ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရာမှ တဖြည်းဖြည်း ဆက်တိုက် ကျဆင်းလာခဲ့ရာ ၂၀၂၆ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ယခုကိန်းဂဏန်းသည် အဆိုပါ စျေးကွက်သုတေသနနှင့် လူထုစစ်တမ်းကောက်ယူရေး ကုမ္ပဏီက ၁၉၉၃ ခုနှစ်ကနေ စပြီး စတင်စောင့်ကြည့် မှတ်တမ်းတင်ခဲ့ရာ အနိမ့်ဆုံးအဆင့်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ပြီး ရေရှည်ပျမ်းမျှထောက်ခံမှုနှုန်း ၇၁ ရာခိုင်နှုန်းအောက် များစွာ လျော့နည်းနေခြင်းကိုလည်း တွေ့လာရပါတယ်။

ဘုရင်စနစ်အပေါ် ထောက်ခံမှုက အသက်အုပ်စုအားလုံးတွင် ကျဆင်းသွားတဲ့အပြင် အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြားရှိ ဗြိတိန်နိုင်ငံသားများအကြားတွင်မူ အထူးသဖြင့် ပိုမိုနိမ့်ကျနေပါတယ်။ အဆိုပါအသက်အုပ်စုတွင် ဖြေဆိုသူ သုံးပုံတစ်ပုံခန့်သာ ဘုရင်စနစ်ကို ထောက်ခံကြပြီး ယင်းပမာဏမှာ ၂၀၁၃ ခုနှစ်က မှတ်တမ်းတင်ခဲ့တဲ့ နှုန်းထား၏ ထက်ဝက်ခန့်သာ ရှိတော့ပါတယ်။ Ipsos ရဲ့ အဆိုအရ ထိုအသက်အရွယ်အုပ်စုရှိ လူဦးရေ၏ ၄၅ ရာခိုင်နှုန်းက ယူကေ (ဗြိတိန်) ကို ဘုရင်စနစ်အစား သမ္မတနိုင်ငံ တစ်ခု ဖြစ်လာစေရန် ပိုမိုလိုလားကြပါတယ်။ 

ဒါပေမဲ့လည်း  ချားလ်စ်ဘုရင်နဲ့ အိမ်ရှေ့မင်းသား ဝီလျံ တို့အပေါ် ပြည်သူများရဲ့ ကျေနပ်အားရမှုမှာမူ မြင့်မားတဲ့ အခြေအနေတွင်ပင် ရှိနေဆဲဖြစ်ကြောင်း စစ်တမ်းက ဖော်ပြပါတယ်။ ဘုရင်ကြီးနှင့် အိမ်ရှေ့မင်းသားတို့ရဲ့ တာဝန်ထမ်းဆောင်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများကို သဘောကျနှစ်သက်ကြောင်း ဖြေဆိုသူ ၆၀ ရာခိုင်နှုန်း နဲ့  ၇၁ ရာခိုင်နှုန်း အသီးသီး ရှိခဲ့ကြပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)