ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး မိတ္ထီလာမြို့နယ် ဥပဒေရုံးအား စံပြရှေ့ပြေးဥပဒေရုံးသစ်တိုးချဲ့ ဖော်ဆောင်မှု သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး မိတ္ထီလာမြို့နယ် ဥပဒေရုံးအား စံပြရှေ့ပြေးဥပဒေရုံးသစ်တိုးချဲ့ ဖော်ဆောင်မှု သွားရောက်ကြည့်ရှုစစ်ဆေး


မန္တလေး၊ ဇွန် ၂၂

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဇွန် ၂ဝ ရက် တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ဥပဒေရုံးအား စံပြရှေ့ပြေး ဥပဒေရုံးသစ်တိုးချဲ့ဖော်ဆောင်မှု အခြေအနေနှင့် စံပြရှေ့ပြေးဥပဒေရုံးများဖြစ်သည့် ပြင်ဦးလွင်ခရိုင်ဥပဒေရုံးနှင့် ချမ်းအေးသာစံမြို့နယ် ဥပဒေရုံးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ဥပဒေအရာရှိများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရှေ့ပြေးဥပဒေရုံး (Pilot Law Office) များ ဖွင့်လှစ်ခြင်းဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက် သောအခါ မှတ်ပုံတင်ရေးသွင်းခြင်း၊ မှတ်တမ်းတင် ခြင်း၊ အစီရင်ခံစာ ပေးပို့ခြင်းတို့ကို Manual စနစ်မှ Digitization စနစ်သို့ ကူးပြောင်းနိုင်ရန်၊ အမှုလိုက်ဥပဒေအရာရှိနှင့် တာဝန်ခံဥပဒေအရာရှိများအကြား နည်းပညာအသုံးပြုကာ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန်၊ ရှေ့ပြေးဥပဒေရုံးများတွင် တရားခွင်အကြို တွေ ဆုံမေးမြန်းခြင်း (Pre-Trial Interview, PTI) များကို ဆောင်ရွက်နိုင်ရန် စံနမူနာပြုစမ်းသပ်ခြင်းဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး စံပြရှေ့ပြေးဥပဒေရုံး (Pilot Law Office) အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့သည့် မြို့နယ်ဥပဒေရုံးများကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)