ဇွန် - ၃၀ ( အင်္ဂါနေ့ )
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ပါကစ္စတန်မှာရှိတဲ့ ပြည်သူ့စစ်စခန်းတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရပြီးတဲ့နောက်၊ လက်တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်စစ်တပ်က အာဖဂန်နစ္စတန် နယ်စပ်တစ်လျှောက်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
ပါကစ္စတန်အရာရှိတွေကတော့ တနင်္လာနေ့က သူတို့ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက်သမား ၂၉ ယောက် သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အာဖဂန်ဘက်ကတော့ သေဆုံးသွားတဲ့သူတွေဟာ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် အရပ်သားတွေပဲ ဖြစ်တယ်လို့ ပြန်ပြီးစွပ်စွဲထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို "Operation Ghazb Lil-Haq" လို့ အမည်ပေးထားပြီး၊ ဒါဟာ ပါကစ္စတန်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တာဖြစ်တယ်လို့ ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အာတာအူလာ တာရာ က ပြောပါတယ်။
စနေနေ့ညတုန်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကရာချီ မှာရှိတဲ့ ပြည်သူ့စစ်စခန်းတစ်ခုကို အကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီ ဆင်ဒ်ရိန်းဂျား စခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်သား ၃ ယောက် သေဆုံးခဲ့ပြီး၊ ဒါဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အဲဒီမြို့မှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ အကြီးစား အကြမ်းဖက်တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေဘက်ကတော့ အကြမ်းဖက်သမား ၆ ယောက်ကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၁ ယောက်ကိုတော့ အရှင်ဖမ်းမိခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးရဲ့ အိတ်စ် (တွစ်တာ ) ဆိုရှယ်မီဒီယာ အကောင့်မှာ "လုံခြုံရေးတပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတန်အရှေ့ပိုင်းက ပက်တီယာ၊ ပက်တီကာ နဲ့ ကူနာ ပြည်နယ်တွေမှာရှိတဲ့ ဂျာမတ်-အူ-အာရာ နဲ့ ဖစ်သ်နာ အယ်လ်-ခွာရစ်ချ် အကြမ်းဖက်အဖွဲ့တွေရဲ့ စခန်းတွေနဲ့ ခိုအောင်းရာ နေရာတွေကို တိတိကျကျ နှိမ်နင်းတိုက်ခိုက်ခဲ့တာ" လို့ ရေးသားဖော်ပြထားပါတယ်။
အခု စစ်ဆင်ရေးဟာ အကြမ်းဖက်သမားတွေကို ချေမှုန်းဖို့နဲ့ သူတို့ရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံတွေကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ဝန်ကြီး တာရာက ဆိုပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment