ကလေးမြို့နယ်တွင် ငွေကျပ်သိန်း ၈,၈၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးမြို့နယ်တွင် ငွေကျပ်သိန်း ၈,၈၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇွန် ၂၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇွန်လ ၁၆ ရက်နေ့ ၁၆၀၀ အချိန် ကလေးမြို့နယ်၊ အေးသာယာကျေးရွာအနီးတွင် ဒါးလ်ဆွင်းခွါလ်(ခ)ခွါလ်ပီး မောင်းနှင်ပြီး ရဲရင့်အောင် လိုက်ပါလာသည့် NISSAN အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၂၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၈,၈၀၀)၊ မြန်မာငွေကျပ် ၁ သိန်းနှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ၂၀၀၀ အချိန် အဆိုပါ ဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ မလဲင့်ဆွေဗုန်(ခ)ဗွီးသဲ အား ကလေးမြို့၊ သဇင်ရပ်ကွက်တွင် မော်တော်ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဒါးလ်ဆွင်းခွါလ်(ခ)ခွါလ်ပီး(၃၄)နှစ်၊ ရဲရင့်အောင်(၂၂)နှစ် နှင့် မလဲင့်ဆွေဗုန်(ခ)ဗွီးသဲ(၄၄)နှစ်တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)