ဇွန် - ၁၂ ( သောကြာနေ့ )
နိုင်ငံတော် စစ်ဘက်ဆိုင်ရာ အသုံးစရိတ် ခွဲဝေမှုနဲ့ ပတ်သက်ပြီးတော့ ယူကေ (ဗြိတိန်) ကာကွယ်ရေးဝန်ကြီး ဂျွန် ဟီးလေ က ဝန်ကြီးချုပ် ကီယာ စတာမာ နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားပြီးနောက် ရာထူးမှ အစီအစဉ်မရှိဘဲ နှုတ်ထွက်သွားခဲ့ပါတယ်။
အစိုးရ ရဲ့ ရေရှည်ကာကွယ်ရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်က လက်ရှိကမ္ဘာ့အခြေအနေမှာ တိုးမြင့်လာနေတဲ့ ကာကွယ်ရေး ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်အတွက် လုံလောက်သော ဘဏ္ဍာငွေ ထောက်ပံ့ပေးနိုင်ခြင်း မရှိဘူးလို့ သူကသုံးသပ်တဲ့အတွက်ကြောင့် ရာထူးကနှုတ်ထွက်သွားတယ်လို့ သိရပါတယ်။
"လက်ရှိလို ခြိမ်းခြောက်မှုတွေ မြင့်တက်နေတဲ့ အချိန်မျိုးမှာ နိုင်ငံတော်ကို ကာကွယ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို အစိုးရနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်က ထောက်ပံ့ပေးဖို့ ဆန္ဒမရှိကြဘူး" လို့ ၎င်းရဲ့ နှုတ်ထွက်စာတွင် ဖော်ပြထားပါတယ်။
ဂျွန် ဟီးလေ နှုတ်ထွက်သွားပြီးနောက် ၎င်း၏နေရာတွင် ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ဒန် ဂျားဗစ် ကို အစိုးရက ချက်ချင်း အစားထိုးခန့်အပ်ခဲ့ပါတယ်။
သူ့ရဲ့နှုတ်ထွက်မှုသည် လက်ရှိ ဗြိတိန်အစိုးရနှင့် ဝန်ကြီးချုပ် ကီယာ စတာမာတို့အတွက် နိုင်ငံရေးအရ ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။
REF: UPI
#MNP #News


No comments:
Post a Comment