ဇွန် - ၁၂ ( သောကြာနေ့ )
ရုရှားရေတပ် နဲ့ ကြည်းတပ်များထံမှ အသံထက်မြန်သော ခရုစ်ဒုံးကျည် အမှာစာများကို လက်ခံရယူရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ဘရာမိုစ် ဒုံးကျည်ထုတ်လုပ်ရေးကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
မော်စကို (ရုရှားအစိုးရ) က ၎င်းရဲ့ဒုံးကျည်စနစ်ကို ဝယ်ယူဖွယ်ရှိခြင်းသည် အိန္ဒိယနိုင်ငံ နဲ့ တွဲဖက် ထုတ်လုပ်ထားတဲ့ အဆိုပါ လက်နက်စနစ်အား မူလနည်းပညာမိတ်ဖက်နိုင်ငံများထဲမှ တစ်နိုင်ငံထံသို့ ပြန်လည်ထောက်ပံ့ပေးရခြင်း ဖြစ်လာမှာဖြစ်ပြီး၊ ၎င်းအခြေအနေက အဆင့်မြင့် ကာကွယ်ရေးကုန်ထုတ်လုပ်မှု ကဏ္ဍတွင် နယူးဒေလီ (အိန္ဒိယအစိုးရ) ရဲ့ တိုးတက်လာတဲ့ အခန်းကဏ္ဍကို ပေါ်လွင်စေပါတယ်။
ဘရာမို့စ် ဒုံးကျည်သည် ကြည်း၊ ရေ၊ လေ အမျိုးအစားသုံးမျိုးစလုံး သုံးလို့ရအောင် ထုတ်လုပ်ထားပြီး အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းကို ကြည်းတပ်၊ လေတပ်နှင့် ရေတပ်တို့တွင် ပေါင်းစပ်တပ်ဆင်အသုံးပြု နေပြီဖြစ်ပါတယ်။
ရုရှားနိုင်ငံက အခုလို ပစ္စည်းအမှာစာ ပေးလာပါက အိန္ဒိယနိုင်ငံရဲ့ ‘Make-in-India’ (အိန္ဒိယတွင် ထုတ်လုပ်သည်) ဆိုတဲ့ အစီအစဉ်အောက်၌ ပြည်တွင်းကာကွယ်ရေး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန် နယူးဒေလီရဲ့ ကြိုးပမ်းအားထုတ်မှုကို ပိုမိုအားကောင်းစေမှာဖြစ်ပါတယ်။
အိန္ဒိယက ဗြဟ္မပုတ္တရမြစ်နှင့် ရုရှား က မိုစကာဗာမြစ်တို့ကို အစွဲပြု၍ အမည်ပေးထားသည့် ဘရာမိုစ်ဒုံးကျည် သည် ကမ္ဘာပေါ်တွင် အမြန်ဆုံး အသံထက်မြန်သော ခရုစ်ဒုံးကျည်များထဲတွင် ပါဝင်ပါတယ်။ ယမန်နှစ်က ပါကစ္စတန်နဲ့ ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခတွင် အိန္ဒိယနိုင်ငံက ၎င်းဒုံးကျည်ကို ပြင်းထန်သော ထိရောက်မှုရှိအောင် အသုံးပြုခဲ့ပါတယ်။
"ရုရှားဘက်ကနေ တောင်းဆိုချက်ရှိလာမယ်ဆိုရင် ဒီအမှာစာကို ဖြည့်ဆည်းပေးဖို့ ကျနော်တို့ အဆင်သင့်ပါပဲ။ ရေတပ်အတွက် ဒုံးကျည်ပဲဖြစ်ဖြစ်၊ ကြည်းတပ်အတွက်ပဲဖြစ်ဖြစ်ပါ" လို့ ဘရာမိုစ် ရဲ့ မန်နေးဂျင်းဒါရိုက်တာ အလက်ဇန္ဒား မာဆီချက်ဗ် က ‘Fleet-2026’ အပြည်ပြည်ဆိုင်ရာ ရေတပ်ပြပွဲ ပြင်ပတွင် တာ့စ် သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment