ကျိုက်ထို၊ ဇွန် ၁၂
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် (၃၁)နှစ်မြောက် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါသွေးလှူဒါန်းရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်(ရုံး)နှင့်ဘီးလင်းမြို့နယ်(ရုံး)တို့ရှိ ဝန်ထမ်းများမှ သွေးဖောက်လှူဒါန်းကြရာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီးလှဦး၊ ကျိုက်ထိုခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှအေး တို့ကသွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူဒါန်းသောဝန်ထမ်း(၁)ဦးချင်းတို့အား ကြက်ဥ(၁၅)လုံး၊ Brands ငှက်သိုက် (၁)ဘူး၊ Vitanaz (၁)ဘူး၊ အာဟာရမုန့်နှင့်အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။
ပြည့်ဖြိုး
#MNP #News



No comments:
Post a Comment